ဒါရိုက်တာ          - ဆွန်းယောင်းအု
ဇာတ်ညွှန်း         - ပတ်ဆိုယောင်း
သရုပ်ဆောင်      - ယွန်ဟို၊ ဂျောင်းဆူဂျင်း၊ ချွဲဒယ်ချော
ပြသမည့်လိုင်း     - OCN
ပြသမည့်အပိုင်း  - ၁ဝ ပိုင်း
ပြသမည့်ရက်     - နိုဝင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ
ပြသမည့်အချိန်  - တနင်္လာနှင့် အင်္ဂါ ည ၉ နာရီ
နိုင်ငံ                - တောင်ကိုရီးယား

ဆိုးလ်၊ နိုဝင်ဘာ ၉

နာမည်ကျော် ကေပေါ့ပ် အမျိုးသားအဆိုတော်အဖွဲ့  BIGBANG မှ အဖွဲ့ခေါင်းဆောင် G-Dragon  နှင့် After School  အဖွဲ့ဝင်ဟောင်း မင်းသမီး လီဂျူယောင်းတို့သည် ၎င်းတို့နှစ်ဦးပါဝင်သော ဗီဒီယိုနှင့် ဓာတ်ပုံများ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေပြီး ကောလာဟလ အချစ်ရေးသတင်းကိုလည်း လူပြောများလျက်ရှိသည်။ ၎င်းတို့နှစ်ဦး၏ ကောလာဟလသတင်းများသည် ၎င်းတို့နှစ်ဦး၏ မျက်နှာကို ဟာသပုံစံ ဖြင့် ပြုလုပ်ထားသော ဗီဒီယိုတစ်ခုမှာ အောက်တိုဘာ ၃ဝ ရက်တွင် ပျံ့နှံ့လာခဲ့ရာမှ အစပြုခဲ့သည်။


ထို့နောက် ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်တွင် အွန်လိုင်း ပေါ်တွင် ပို့စ်တစ်ခု၌ အင်တာနက်သုံးစွဲသူတစ်ဦးက ၎င်းတို့ အနုပညာရှင်နှစ်ဦး၏ လူမှုကွန်ရက်မီဒီယာများမှ ပုံများစွာ ဖြင့် နှိုင်းယှဉ်ပြသခဲ့သည်။ ၎င်းတို့၏ သီးခြားဓာတ်ပုံများထဲတွင် နှစ်ဦးသား အတူရှိနေသည်ဟု မဖော်ပြထားသော်လည်း တစ်နေရာတည်းတွင် ရိုက်ကူးထားသည့် နောက်ခံနှင့် ပတ်ဝန်းကျင်တို့မှာ တူညီနေသည်ကို တွေ့ရှိရသည်။


¤င်းတို့နှစ်ဦး၏ ဓာတ်ပုံတစ်ခုထဲတွင် အစိမ်းရောင် အန္တရာယ်ကင်းဦးထုပ်ကို အတူတူ ဝတ်ဆင်ထားကြပြီး အခြားဓာတ်ပုံတစ်ခုတည်းတွင် မီးရောင်မှောင်သော စားသောက် ဆိုင်တစ်ခုတွင် နှစ်ဦးသား ပျော်ရွှင်စွာထိုင်နေခဲ့ကြသည် ကို မြင်တွေ့ရသည်။ လွန်ခဲ့သောလတွင် ထိုဗီဒီယို ထွက်ပေါ်လာချိန်၌ G-Dragon ကို စီမံခန့်ခွဲပေးနေသည့်  YG အင်တာတိန်းမန့်က ၎င်းတို့နှစ်ဦးမှာ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြကြောင်း ပြောဆိုခဲ့သည်။ နိုဝင်ဘာ ၉ ရက်တွင် G-Dragon က ၎င်း၏ အချစ်ရေးကောလာဟလသတင်းမှာ မဟုတ်မှန်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။ 

 

Ref: Yonhap

လော့စ်အင်ဂျလိစ် နိုဝင်ဘာ ၉

 

Pokemon Go ဂိမ်းကို ထုတ်လုပ်ခဲ့သည့် Niantic Inc ကုမ္ပဏီနှင့် Warner Bros Interactive အင်တာတိန်းမန့်တို့သည် ထူးဆန်းအံ့သြဖွယ် သတ္တဝါဆန်းများ၊ မှော်စွန့်စားခန်းနှင့် မှော်မန္တာန်များပါ​ဝင်မည့် ဟယ်ရီပေါ်တာ မိုဘိုင်းဂိမ်းကို ဖြန့်ချိရန် ပြင်ဆင်နေကြောင်း ယင်းကုမ္ပဏီနှစ်ခုက နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

Friday, 10 November 2017 09:49

The Bros ရုပ်ရှင် အညွန်း

Written by

ဒါရိုက်တာ - ချန်းယူဂျောင်း
ဇာတ်ညွှန်း - ဟောဆောင်းဟဲ
သရုပ်ဆောင် - မာဒုံဆော့၊ လီဒုံဟီး၊ လီဟာနီ
ပြသချိန် - ၁ဝ၂ မိနစ်
နိုင်ငံ - တောင်ကိုရီးယား

 

ပြီးခဲ့သည့်သီတင်းပတ်မှစတင်ကာ တောင်ကိုရီးယားနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် စတင်ရုံတင်ပြသနေသည့် ဟာသဇာတ်မြူး ဒရမ်မာရုပ်ရှင်ဖြစ်သည်။ အင်ဒီယာနာဂျုံးစ်ကဲ့သို့ သမိုင်းအမွေအနှစ်များကို ဖော်ထုတ်လိုသော ကိုရီးယားသမိုင်းဆရာတစ်ဦးနှင့် ၄င်း၏အစ်ကိုဖြစ်သူတို့ မိသားစုက ချန်ထားရစ်ခဲ့သော အမွေကို ဖော်ထုတ်ရှာ ဖွေရန် ကြိုးပမ်းပုံကို ဟာသနှော ကာရိုက်ကူးထားသည်။ ဆော့ဘုန်းသည် ကိုရီးယားသမိုင်း ဆရာစတစ်ဦးဖြစ်ပြီး အင်ဒီယာနာဂျုံးစ်ကဲ့သို့ သမိုင်းအမွေအနှစ်များကို ရှာဖွေလိုသော်လည်း ကပျက်ကချော်ဖြစ်မှုကြောင့် ရှာဖွေရေး ကိရိယာများ ဝယ်သူသော ကုန်ကျငွေကြောင့် အကြွေးနွံထဲ နစ်နေသူတစ်ဦးဖြစ်သည်။

လက်ရှိတွင် ထိုင်းဒါရိုက်တာ နှင့် 'လိပ်ပြာစံအိမ်' ဇာတ်ကားရိုက် ကူးနေပြီး ဒီဇင်ဘာလတွင် 'ပုဂံမြို့ သူ' ရုပ်သံဇာတ်လမ်းတွဲရိုက်ကူး တော့မည့် သရုပ်ဆောင်ဒေါင်းနှင့် တွေ့ဆုံခိုက် ယခုလို မေးမြန်းဖြစ်ခဲ့ ပါသည်။

ရန်ကုန်၊ နိုဝင်ဘာ ၈- Miss Universe 2017 အလှမယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဇွန်သံစဉ် နိုဝင်ဘာ ၉ ရက်ညပိုင်း တွင် ရန်ကုန်မှစတင်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

ဆိုးလ်၊ နိုဝင်ဘာ ၈
တောင်ကိုရီးယား အဆိုတော်၊ သရုပ်ဆောင် IU သည် မကြာမီ ဒရာမာဇာတ်လမ်းတစ်ခုတွင် ပါဝင်လာနိုင်ခြေရှိနေကြောင်း သိရသည်။

သရုပ်ဆောင်နယ်ပယ်သို့ ခြေချလာတွဲ့ပေ အလှမယ်မျိုးကိုကိုစန်းကို အခုလိုပဲမေးမြန်းဖြစ်ခဲ့ပါ တယ်။
မေး- အနုပညာလှုပ်ရှားမှုလေးတွေ တွေ့နေရတယ်နော်။

ဖြေ- အခုကတော့ MTV တွေ ရိုက်နေရတယ်။ ကြော်ငြာလက်ခံရိုက်ကူးနေတာတွေလည်းရှိပါ တယ်။ မျိုးကိုကိုစန်းကို ပရိသတ်တွေက ကိုဟန်ထူးဈာန်ရဲ့ MTV ကနေပြီးတော့ သရုပ်ဆောင်အလုပ်တွေကို စပြီးတော့မြင်ရမှာပါ။ အဲဒီရှေ့မှာ ရိုက်ထားတာလေးတွေရှိပေမယ့် ရိုက်ကူးထားပြီး မထွက်လာသေး တာတွေလည်းရှိတယ်။

မေး- ကမ်းလှမ်းတာတွေများလာတာလား။
ဖြေ- ဟုတ်ပါတယ်။ ကမ်းလှမ်းတာတွေများလာတဲ့အတွက် ကိုယ့်အတွက် အခွင့်အရေးရှိမယ်၊ အကောင်းဆုံးလုပ်နိုင်မယ်ဆိုရင်တော့ အကုန်လုံးကိုလက်ခံဖြစ်ပါတယ်။ အလုပ်ကိုရွေးချယ်တာတော့သိပ်မရှိပါဘူး။ အခုမှ အနုပညာအလုပ်ကိုစပြီးတော့ လုပ်တာဆိုတော့ အခွင့်အရေးရ သမျှတော့လုပ်ချင်တယ်။ သရုပ် ဆောင်ဘက်ကို ဝင်ရောက်ဖို့အတွက် ကြိုးစားနေဆဲပါ။

မေး- ဘယ်လိုကာရိုက်တာမျိုးတွေ ကမ်းလှမ်းတာများလဲ။
ဖြေ- ကမ်းလှမ်းလာတာတွေကတော့ မိန်းကလေးဇာတ်ရုပ်ပိုများပါတယ်။ မိန်းကလေး ဇာတ်ရုပ်သရုပ်ဆောင်ရတာကတော့ အခက်အခဲမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင် ကတည်းက ကိုယ့်ဘာသာ ကိုယ်မိန်းကလေးတစ်ယောက်လို့ ခံယူထားတာဖြစ်တဲ့အတွက် မိန်းကလေးတစ်ယောက်လိုနေရတာက လုံးဝအခက်အခဲမရှိဘူး။

မေး- ကျန်းမာရေးအခြေအနေကရော။
ဖြေ- ကျန်းမာရေးအခြေအနေကတော့ လုံးဝအေးဆေးပါပဲ။ ကိုယ့်ဘာသာတော့ ကျန်းမာ ရေးကို ဂရု စိုက်ရတာပေါ့နော်။ အရင်ကထက်ပိုပြီးတော့ ကျန်းမာရေးကိုဂရုစိုက်ရတယ်။ အစားအသောက်အနေအထိုင်ကအစ အရမ်းဂရုတော့ စိုက်ရပါတယ်။

မေး- မျိုးကိုကိုစန်းနဲ့ပတ်သက်ရင် ဝေဖန်မှုတွေကလည်း အများကြီးပဲလေ။
ဖြေ- ဝေဖန်မှုတွေ တိုက်ခိုက်မှုတွေကတော့ ရှိနေမှာပဲလေ။ ဒါပေမဲ့ ကိုယ့်ထက်အများကြီးတော်တဲ့အနုပညာရှင်တွေတောင်မှ ဝေဖန်ခံနေရ သေးတာပဲ။ ကိုယ်ဆိုရင်တော့ ပြောမနေနဲ့တော့။ ညီမကို ဝေဖန်တိုက်ခိုက်လာတဲ့အထဲကနေပြီးတော့ တချို့ဝေဖန်တိုက်ခိုက်တာတွေက ဘဝ သင်ခန်းစာတောင်ရပါသေးတယ်။

မေး- ယောကျာ်းလေးပရိသတ်နဲ့ မိန်းကလေးပရိသတ် ဘယ်သူပိုများတယ်လို့ထင်လဲ။
ဖြေ- အမျိုးသမီးပရိသတ်က ပိုများတယ်ထင်တယ်။ တစ်ခါတလေကျရင် ညီမက စာလေးတွေရေးပြီးတော့တင်တယ်လေ အွန်လိုင်းပေါ်မှာ။အဲဒီစာတွေဆိုရင် အမျိုးသမီးပရိသတ်တွေက ပိုပြီးတော့သဘောကျတယ်။ ယောက်ျားလေး ပရိသတ်ကတော့ မများပါဘူး။ မိန်းက လေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေးပဲဖြစ်ဖြစ် ကိုယ့်ကိုဝန်းရံပေးတာကိုပဲ ကျေးဇူးတင်ရပါတယ်။

NN, DemocracyToday

Page 5 of 22