ရန်ကုန်၊ အောက်တိုဘာ ၁၈

အိမ်ထောင်ရေးပညာပေးအနေဖြင့် ရိုက်ကူးထားသော 'ရင်ဘတ်ထဲက ဓား'ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာ ၂၇ ရက်မှစတင်ကာ ရုံတင်ပြသတော့မည်ဖြစ် ကြောင်းသိရသည်။ အဆိုပါ 'ရင်ဘတ်ထဲကဓား' ရုပ်ရှင်ဇာတ်ကားကြီး Press Show ပြသခြင်းကို အောက်တိုဘာ ၁၈ ရက်တွင် သမ္မတရုပ်ရှင်ရုံ တွင် ပြုလုပ်ခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁၇

အဆိုတော်၊ သရုပ်ဆောင် Cher သည် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုပ်ရှင်တစ်ခု တွင် ပါဝင်တော့မည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ကမ္ဘာတစ်ခွင်ရှိ တေးသံစုံ Musical လောကကို ရိုက်ခတ်သွားစေခဲ့သော ရုပ်ရှင်နောက်ဆက်တွဲ "Mamma Mia! Here We Go Again"  ရုပ်ရှင်တွင် ပါဝင်မည်ဟု အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။ ၎င်းပါဝင်မည့် ဇာတ်ရုပ်အကြောင်း အသေးစိတ်ကို မသိရှိရသေးဘဲ ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းတွင်သာ ရုပ်ရှင်တွင် ပါဝင်မည့်သတင်းကို တွစ်တာတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဒါရိုက်တာ       - ဒင်းန်ဒေ့ဗ်လင်
ဇာတ်ညွှန်း      - ပေါလ်ဂိုင်ရော့
သရုပ်ဆောင်   - အက်ဘီကော်နစ်၊ ဂါးနက်ဘယ်လ်တာ၊ မာရဲဝင်းနင်ဟန်
ပြသချိန်          - ၁ဝ၉ မိနစ်
နိုင်ငံ               - အမေရိကန်

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရေခဲတောင်သို့ သွားရောက်ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကြီးအပါအဝင် ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်ကူးမည့်ရုပ်ရှင်ဇာတ် ကားကြီး လေးကား မိတ်ဆက်ပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးလေးကား မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ Tower (B),Penthouse တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  ''ကျွန်တော် အခုမိတ်ဆက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး လေးကားကို တစ်လကိုတစ်ကားနှုန်းနဲ့ရိုက်သွားမှာပါ။ ဒီလထဲမှာ တစ်ကားရိုက်ကူးမယ်။ နောက်သုံးကားကိုလည်း တစ်လတစ်ကားပေါ့နော်။ ရေခဲတောင်မှာသွားရိုက်မယ် ဇာတ်ကားကြီးအတွက်ကိုလည်း အနုပညာရှင်အသစ်တွေကိုရွေးချယ်ပြီးတော့ ရိုက်ကူးမယ်''ဟု ဒါရိုက်တာညွန့်မြန်မာညီညီအောင်က ပြောသည်။

ဆိုးလ်၊ အောက်တိုဘာ ၁၆

နာမည်ကျော် ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်သည့် TWICE သည် ယခုလအတွင်း ၎င်းတို့၏ ပထမဆုံးတေးအယ်လ်ဘမ်ကို ဖြန့်ချိမည်ဖြစ်ကြောင်း အေဂျင်စီက အောက်တိုဘာ ၁၆ ရက်တွင်ပြောကြားခဲ့သည်။ "Twiceagram" အမည်ရှိ တေးအယ်လ်ဘမ်ကို အောက်တိုဘာ ၃ဝ ရက်တွင် ဖြန့်ချိမည်ဖြစ်ကြောင်း JYP အင်တာတိန်းမန့်က ပြောကြားခဲ့သည်။ အယ်လ်ဘမ်၏ ခေါင်းစီး တေးနာမည်မှာ "Likey"  ဖြစ်သော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ဒါရိုက်တာ      - အင်းဝမ်းထယ်
ဇာတ်ညွှန်း     - ကင်ဂျောင်ဟန်
သရုပ်ဆောင် - လီဟက်ဂျူ၊ ဘိုအာ၊ အိုဂွမ်ရို့၊ အင်ယောင်းရှိ
ပြသချိန်        - ၈၄ ပိုင်း
နိုင်ငံ            - တောင်ကိုရီးယား

ရန်ကုန်၊ အောက်တိုဘာ ၁၆

Australian သိပ္ပံဇာတ်ကားတစ်ကား ကိုအခြေခံထားသည့် ''ရှိန်းဆာယာ'' ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာညိုမင်းလွင်က သရုပ်ဆောင်အသစ်များဖြင့် အောက်တိုဘာလတတိယပတ်မှစတင်ရိုက်ကူးသွားမည်ဖြစ် ကြောင်းသိရသည်။ အဆိုပါဇာတ်လမ်းတွဲမိတ် ဆက်ခြင်းအခမ်းအနားကို အောက်တိုဘာ ၁၆ ရက် နံနက် ၉ နာရီက Central Hotel တွင်ပြုလုပ်ခဲ့သည်။

Page 2 of 11