Main menu
HOT NEWS
adv

ခင်ပွန်းနှင့် အချစ်သစ်ကြားမှ နှလုံးသား လွန်ဆွဲပွဲ Furenaba Ochin ရုပ်ရှင်

ဒါရိုက်တာ     -  ကီချီအိုမီကီ
ဇာတ်ညွှန်း    - နာအိုကိုအာဒါချီ
သရုပ်ဆောင်  - ရိုနာတီတာ၊ ကျိုကို ဟာဆေးဂါဝါ၊ ရှင်ဂိုဆူရူမီ
ပြသမည့်ရက်  - ဇွန် ၂၈ ရက်မှ သြဂုတ် ၁၆ ရက်အထိ
ပြသမည့်နေ့   - အင်္ဂါနေ့ ည ၁၁ နာရီ ၁၅ မိနစ်
ပြသမည့်လိုင်း - NHK
နိုင်ငံ           - ဂျပန်

Read more...

Let's Go to Europe ခရီးစဉ် ရိုက်ကူးမှုများ Sky Net ရုပ်သံလိုင်းတွင် ဇူလိုင် ၂ ရက်၌ စတင် ထုတ်လွှင့်ပြသမည်

ရန်ကုန်၊ ဇွန် ၃ဝ

Let's Go to Europe ခရီးစဉ်ရိုက်ကူးမှုများကို Sky Net ရုပ်သံလိုင်း၏ mntv  ချန် နယ်နှင့် Channel 9 ချန်နယ်တို့တွင် ဇူလိုင် ၂ ရက်နေ့၌ စတင်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Let's Go to Europe  ခရီးစဉ်ရိုက်ကူးမှုများကို mntv  တွင် အပတ်စဉ် စနေနေ့ ည ၇ နာရီတွင် စတင်ထုတ်လွှင့်ပြသမည်ဖြစ်ပြီး Channel 9 ၌ အပတ်စဉ် ဗုဒ္ဓဟူး နေ့တွင် မွန်းလွဲ ၁ နာရီ၌ ထုတ်လွှင့် ပြသ မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Let's Go to Europe  ခရီးစဉ်ကို ဥရောပနိုင်ငံများဖြစ်သော ပြင်သစ်၊ ဆွစ်ဇာလန်၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဘယ်လ်ဂျီယန်နိုင်ငံတို့ကိုသွားရောက်ကာ ရိုက်ကူးမှု များ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

Read more...

'ကိုယ့်ကို လာကမ်းလှမ်းတဲ့ ဇာတ်ကားတိုင်းကို ဇာတ်လမ်း တစ်ခုကိုပဲ ကြည့်ပြီးတော့ ရွေးချယ် ရိုက်ကူးဖြစ်ပါတယ်' သရုပ်ဆောင် မြင့်မြတ်

ရန်ကုန်၊ ဇွန် ၂၉

ဗီဒီယိုဇာတ်ကားများတွင်သာ အများ ဆုံးမြင်တွေ့ရပြီး ရုပ်ရှင်ဇာတ်ကားများရိုက်ကူးခြင်းမရှိသ လောက်နည်းပါးနေတဲ့ သရုပ်ဆောင် မြင့်မြတ် -


''ကျွန်တော်က ဗီဒီယိုဇာတ်ကားတွေရိုက်ရပေမယ့် ရုပ်ရှင်ဇာတ်ကားတွေမရိုက်ရတာကတော့ ဘာဖြစ်လို့လဲ ဆိုတာ ကျွန်တော်လည်းမပြောတတ်ပါဘူး။ ကျွန်တော်က တော့ ကိုယ့်ကိုလာကမ်းလှမ်းတဲ့ ဇာတ်ကားတိုင်း ကို ဇာတ်လမ်းတစ်ခုကိုပဲကြည့်ပြီးတော့ ရွေးချယ်ရိုက်ကူးဖြစ်ပါတယ်။ ဇာတ်လမ်းကို ကျွန်တော်ကြိုက်ရင်ရိုက်ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာတော့ ကျွန်တော်ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားရုံတင်ပြသဖို့ရှိတယ်။ ရိုက်ထားပြီး သားရုပ်ရှင်ဇာတ်ကားကြီးလည်းရှိတယ်။ နောက်ထပ်ရိုက်ကူး ဖို့လက်ခံထားတဲ့ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိပါတယ်။ တောကျီးကန်းရုပ် ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးပြီးသွားပါပြီ။ ကလောဘက်မှာ ရိုက်ကူးခဲ့တာပါ။ အဲဒီရုပ်ရှင်ဇာတ်ကားကြီးက ခိုးဆိုးလုနှိုက်နှစ်ပေါ့နော်။ အဲဒီဇာတ်ကားနှစ်ကားမတူတဲ့ ဇာတ်လမ်းက ခိုးဆိုးလုနှိုက်ဇာတ်ကားထဲမှာကျတော့ ကျွန်တော်တို့က ပျံကျခိုးတယ်။ ကြုံသလိုလုပ်စားကြ တယ်။ တောကျီးကန်း ဇာတ်ကားမှာကျတော့ ကျွန်တော်တို့က သတ်သတ်မှတ်မှတ်နဲ့ခိုးကြတယ်။

Read more...

ရုပ်ရှင်စာအုပ် ၂၆၄ အုပ်ကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) စာကြည့်တိုက်သို့ ရုပ်ရှင် ဒါရိုက်တာ အကယ်ဒမီ စည်သူ ဦးကြည်စိုးထွန်း လှူဒါန်း

ရန်ကုန်၊ ဇွန် ၂၉

ရုပ်ရှင်နှင့်ပတ်သက်၍ ရေးသားထားသည့် စာအုပ်ပေါင်း ၂၆၄ အုပ်ကို အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)စာကြည့်တိုက်သို့ အကယ်ဒမီများရှင် ရုပ်ရှင်ဒါရိုက်တာစည်သူဦးကြည်စိုးထွန်းမှ ဇွန် ၂၉ ရက်က လှူဒါန်းခဲ့ကြောင်း အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (ရန်ကုန်)မှသိရသည်။ ယင်းသို့ လှူဒါန်းခဲ့ခြင်းကြောင့် ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများအတွက် များစွာအထောက် အကူဖြစ်ကာ ရှားပါးသည့် စာအုပ်များဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ ပါမောက္ခချုပ် ဦးအောင် နိုင်မြင့်ကပြောသည်။

Read more...

ရောက်တဲ့နေရာမှာ ပျော်အောင်နေရတယ် ဆိုတဲ့ ရွှေသမီး

ရွှေသမီးတဲ့။ ဟုတ်ပါတယ်.. အနုပညာပျိုးခင်းက ဖူးပွင့်လာတဲ့ ပန်းလေးတစ်ပွင့်ပါ။ သူ့ရဲ့မျက်နှာပုံစံ၊ အသံလေးကအစ ချစ်စဖွယ် ကောင်းနေတာကိုလည်း ပရိသတ် တွေသတိပြုမိမယ်လို့ ထင်ပါတယ်။ 8days Cover မှာ မဆုံတာကြာပြီ ဖြစ်တဲ့သူ့ကို ဒီတစ်ပတ်ရဲ့ Cover Star အဖြစ် ရွေးချယ်ခဲ့ပါတယ်။ Cute ပုံစံလေးတွေကို တွေ့ရများတဲ့ သူ့ကို ဒီတစ်ခါမှာတော့ ဒီဇိုင်နာ ဂျိုကာက ခပ်မိုက်မိုက်ဖက်ရှင်ချုပ် ပေးထားပြီး မိတ်ကပ်လင်းလင်းကလည်း တစ်မူထူးခြားတဲ့မိတ်ကပ် Creation တွေ ပြုလုပ်ပေးထားပါတယ်။ ဟုတ်ကဲ့..ဒီတစ်ပတ်ရဲ့ 8days Cover Star ကိုတော့ 8days ချစ်ပရိသတ်တွေ အထူးနှစ် သက်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616