Main menu
HOT NEWS
adv

အမေရိကန် ကယ်လီဖိုးနီးယား ပြည်နယ်တွင် အပူလှိုင်းဖြတ်၊ နှစ်ဦးသေဆုံး

လော့စ်အိန်ဂျလိစ် ၊ ဇွန် ၂၂

အမေရိကန် ကယ်လီဖိုးနီးယား ပြည်နယ်တွင် ပြင်းထန်သောအပူလှိုင်းဖြတ်သဖြင့် သက်ကြီးရွယ်အို နှစ်ဦးသေဆုံးခဲ့သည်ဟု ဇွန် ၂၂ ရက် သတင်းများအရသိရသည်။ အပူချိန် ၁၅ဝ ဒီဂရီဖာရင်ဟိုက်အထိမြင့်တက်ခဲ့သဖြင့် ဒေသခံများကိုနေအိမ် ၌နေထိုင်ရန်သတိပေးချက်ထုတ်ပြန်ခဲ့ပြီး လေယာဉ်ခရီးစဉ်အချို့ပယ်ဖျက်ခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည် ဇွန် ၁၉ ရက်မှစ၍ အပူလှိုင်းဖြတ်သန်းခဲ့၍ သုံးရက်အတွင်းနှစ်ဦးသေဆုံးခဲ့သည်။ ဆန်ဖရန်စစ္စကိုတောင်ပိုင်း Santa Clara  ကျေးရွာရှိ အသက် (၈၇) နှစ်အရွယ်အမျိုးသမီးတစ်ဦး နှင့်အိမ်ရာမဲ့အသက် (၇၂) နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်ဟု San Jose Mercury သတင်းဌာနက ပြောသည်။

Read more...

ကက်ရှ်မီးယားဒေသတွင် သူပုန်သုံးဦးကို အိန္ဒိယ စစ်တပ်က သုတ်သင်

ဆရီနာဂါ၊ ဇွန် ၂၂

အိန္ဒိယပိုင်ကက်ရှ်မီးယားဒေသတွင် ဇွန် ၂၁ ရက်ညပိုင်းက သူပုန်များဟုယူဆရသူများနှင့် အစိုးရစစ်တပ်တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြရာ သူပုန်သုံးဦးကို သုတ်သင်နိုင်ခဲ့ကြောင်း အိန္ဒိယစစ်တပ်က ဇွန် ၂၂ ရက်တွင် ပြောကြားလိုက်သည်။
စစ်တပ်နှင့်ရဲ တန်ပြန်သူပုန်တိုက်ဖျက်ရေးအထူးတပ်တို့သည် လူနေအိမ်နယ်မြေတစ်ခုကိုဝိုင်းထားခဲ့ကြကြောင်း၊ အဆိုပါနေရာ၌ သူပုန်များပုန်းအောင်းနေသည်ဟု ယူဆ၍ဖြစ်ကြောင်း၊ ထိုနေရာ၌ပင် ပြင်းထန်သော တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း၊ နေအိမ်များမှ လူများထွက်လာကာ အိန္ဒိယလက်အောက်မှ လွတ်မြောက်အောင်လုပ်ပါဟု အော်ဟစ်ခဲ့ကြကာ ခဲများဖြင့်ပစ်ခတ်ခဲ့ကြ ကြောင်း၊ သူပုန်များလွတ်မြောက်စေရန် ကူညီခြင်းဖြစ်ကြောင်း စစ်တပ်က ပြောခဲ့သည်။

Read more...

မိုဆူးလ်မြို့ရှိ သမိုင်းဝင် ဗလီနှစ်ခုကို အိုင်အက်စ်တို့ ဖောက်ခွဲ ဖျက်ဆီး'

ဘဂ္ဂဒက်၊ ဇွန် ၂၂

အိုင်အက်စ်အဖွဲ့သည် ၎င်းတို့သိမ်းပိုက်ထားသော မိုဆူးလ်မြို့ရှိ သမိုင်းဝင်ဗလီနှစ်ခုကို ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း အီရတ်တပ်မှူးတစ်ဦးက ဇွန် ၂၂ ရက်တွင်ပြောသည်။ ''ကျွန်ုပ်တို့တပ်များသည် မြို့ ဟောင်းထဲသို့ တိုးဝင်ထိုးစစ်ဆင်ခဲ့သည်။ ကျွန်ုပ်တို့တပ်များ Nuri ဗလီနှင့် မီတာ ၅ဝ ခန့်အကွာသို့ ရောက် သောအခါ အိုင်အက်စ်အဖွဲ့သည် Nuri နှင့် Hadba  ဗလီတို့ကို ဖောက်ခွဲဖျက်ဆီးခြင်းဖြင့် နောက်ထပ်သမိုင်း ဝင် ရာဇဝတ်မှုတစ်ခု ကျူးလွန်လိုက်သည်''ဟု မိုဆူးလ်မြို့ ထိုးစစ်တပ်မှူးချုပ် Abdulamir Yarallah က ကြေညာချက်ထုတ်ပြန်သည်။

Read more...

ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့တိုက်ပွဲတွင် ဖိလစ်ပိုင်စစ်သား ၆၂ ဦးကျဆုံး၊ ၁ဝဝ ကျော်ဒဏ်ရာရ

မနီလာ၊ ဇွန် ၂၁ ၊ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာ ရာဝီမြို့တွငှ်ု အစွန်းရောက်အဖွဲ့ နှင့်အဆက်အသွယ်ရှိသော ဖိလစ်ပိုင်အစ္စလာမ္မစ်အစွန်းရောက်စစ် သွေြး<ွကများနှင့် ဖိလစ်ပိုင်စစ်တပ် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လ ခန့်ရှိပြီး ဖိလစ်ပိုင်စစ်တပ်မှတပ် သား ၆၂ ဦးကျဆုံးခဲ့သည်။ ဒဏ်ရာ ရရှိသော စစ်သား ၁ဝဝ ကျော်ရှိပြီး မြို့တော်မနီလာရှိ စစ်ဆေးရုံတွင် ဒဏ်ရာဖြင့်ဆေးဝါးကုသမှုခံယူနေ ကြောင်း ဇွန် ၂၁ ရက်သတင်းများ အရ သိရသည်။

Read more...

ဗြိတိန်ဘုရင်မကြီး အဲလိစဘတ် ဗြိတိန်ပါလီမန်ဖွင့်ပွဲတွင် မိန့်ခွန်းပြော ဝန်ကြီးချုပ် ထရီဆာမေအားကူညီကြရန် တိုက်တွန်း

လန်ဒန်၊ ဇွန် ၂၁ဗြိတိန်ဘုရင်မကြီးအဲလိစဘတ်သည် ဇွန် ၂၁ ရက် ဗြိတိန်ပါလီမန် ၌ မိန့်ခွန်ြး>ွမက်ကြားကာ ဖွင့်လှစ်ပေးလိုက်သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616