Main menu
HOT NEWS
adv
ဟောင်ကောင် နှစ်ထပ်ဓာတ်ရထား တိမ်းမှောက်၊ ၁၄ ဦး ဒဏ်ရာရ

ဟောင်ကောင် နှစ်ထပ်ဓာတ်ရထား တိမ်းမှောက်၊ ၁၄ ဦး ဒဏ်ရာရ

ဟောင်ကောင်၊ ဧပြီ ၇

ဟောင်ကောင်တွင် နှစ်ထပ်ဓာတ်ရထားတစ်စင်း ဧပြီ ၆ ရက် သန်းခေါင်ကျော်အချိန်၌ တိမ်းမှောက်ခဲ့ရာ လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ယာဉ်မောင်းဖြစ်သူကိုလည်း အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။ ဓာတ်ရထားတိမ်းမှောက်ရမှုသည် ယာဉ်မောင်းဖြစ်သူ၏ မဆင်မခြင်မောင်းနှင်မှုကြောင့်ဟုယူဆရ ကြောင်း၊ ထို့ကြောင့် ယာဉ်မောင်း ဖြစ်သူလို(၂၃)နှစ်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကဆိုသည်။


အခင်းဖြစ်ပွားရာသို့ မီးသတ်သမားများရောက်ရှိနေပြီး အောက်ဆီဂျင်မျက်နှာဖုံးတပ်ထားသော လူတစ်ဦးအား ထမ်းစင်ဖြင့်သယ်မသွားသည်ကို ရုပ်သံမှတ်တမ်းတစ်ခုတွင် တွေ့မြင်ရသည်။ ဒဏ်ရာရသူများမှာ အမျိုးသမီးငါးဦးနှင့် အမျိုးသားကိုး ဦးဖြစ်ပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။ အဆိုပါဖြစ်ရပ်သည် ဟောင် ကောင်တွင် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဘတ်စ်ကား/ရထား မတော်တဆမှုဖြစ်သည်။ ဟောင် ကောင်၏အများပြည်သူသယ်ယူပို့ ဆောင်ရေးစနစ်သည် ကမ္ဘာ့ထိပ်တန်းစာရင်းဝင်ပြီး မတော်တဆမှုများ အဖြစ်နည်းသည်။


ယခုနှစ် ဖေဖော်ဝါရီလတွင် မြေအောက်ရထားတစ်စင်း မီးစွဲ လောင်ရာ လူ ၁၇ ဦး ဒဏ်ရာရခဲ့သည်။ လူအများဘူတာရုံထဲမှ အလျင်အမြန်ထွက်ပြေးခဲ့ရသည်။ ရထားကို မီးရှို့ခဲ့သူအား ရဲတပ်ဖွဲ့က နောက်ပိုင်းတွင် ထုတ်ဖော်ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့၏ခေါင်းလောင်းသံ ကြောင့် ''ဒင်းဒင်း''ဟုခေါ်သော ဓာတ်ရထားများသည် ဟောင်ကောင် ကျွန်းတွင်ပြေးဆွဲလျက်ရှိသည်မှာ နှစ် ၁ဝဝ ကျော်ပြီဖြစ်သည်။ ခရီးသည်နှစ်သိန်းခန့်ကို နေ့စဉ်သယ်ယူ ပို့ဆောင်ပေးလျက်ရှိသည်။ နှစ်ထပ်ဓာတ်ရထားအစင်း ၁၆ဝ ခန့်ရှိပြီး လက်မှတ်ခမှာ ပုံသေဟောင်ကောင် ဒေါ်လာ ၂ ဒသမ ၃ ဒေါ်လာ(အမေရိကန်ဆင့်၃ဝ)ဖြစ်သည်။

 

Ref:AFP

#deomcracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616