Main menu
HOT NEWS
adv
၁ ရာစုပင်လယ်ရေကြောင်းပိုးလမ်းမ မြှင့်တင်နိုင်ရေး တရုတ်နိုင်ငံ ကြိုးပမ်းမည်

၁ ရာစုပင်လယ်ရေကြောင်းပိုးလမ်းမ မြှင့်တင်နိုင်ရေး တရုတ်နိုင်ငံ ကြိုးပမ်းမည်

ဘေးဟိုင် ဧပြီ ၂ဝ

၂၁ ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမကို အားပေးမြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း၊ ပင်လယ်ရေကြောင်း ခါးပတ်လမ်းတစ်ခုနှင့် ကြည်းကြောင်း ကုန်သွယ်ရေးလမ်းအစီအစဉ် ဖွံ့ဖြိုးရေးအတွက် ဦးတည်ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်သည်။

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ဧပြီ ၁၉ ရက်တွင် ကြည့်ရှုစစ်ဆေးရန် ရောက်ရှိလာသူ သမ္မတရှီက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမနှင့် စီးပွားရေးခါးပတ်ပိုးလမ်းမဟုအမည်ပေးထားသော အစီအစဉ်ကို ၂ဝ၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ချိန်မှစ၍ နိုင်ငံတကာ ကကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုလာခဲ့ကြကြောင်း၊ ယင်းအစီအစဉ်သည် တရုတ်နိုင်ငံအတွက် ပြန်လည်နုပျိုလန်းဆန်း သည့်နိုင်ငံအဖြစ် ရပ်တည်ရေး အိပ်မက်တစ်ခု အကောင်အထည် ပေါ် လာပုံမျိုးဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်း ရေးမှူးလည်းဖြစ်သူ ရှီက ပြောကြားသည်။

ဆင်ဟွာ။

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616