Main menu
HOT NEWS
adv
FARC သူပုန်အဖွဲ့ဝင် ၁၂ ဦး အရပ်သားများ အဖြစ် တရားဝင် အသိအမှတ်ပြုခံရ

FARC သူပုန်အဖွဲ့ဝင် ၁၂ ဦး အရပ်သားများ အဖြစ် တရားဝင် အသိအမှတ်ပြုခံရ

ဘိုဂိုတာ

ကုလသမဂ္ဂက စောင့်ကြည့် စစ်ဆေးနေသည့် လက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်အား အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီးနောက် ကိုလံဘီယာ FARC သူပုန်အဖွဲ့မှ အဖွဲ့ဝင် ၁၂ ဦးသည် အရပ်သားများ အဖြစ်သို့ ပြန်လည် ရောက်ရှိသွားပြီဟု ဘီဘီစီသတင်းတွင် ဖော်ပြသည်။


၎င်းတို့သည် သူပုန်များအဖြစ်မှ အရပ်သားများအဖြစ်သို့ တရားဝင်သတ်မှတ်ခံရသည့် ပထမဆုံးသော FARC အဖွဲ့ဝင်များလည်းဖြစ်သည်။ ၎င်းတို့အား ကုလသမဂ္ဂအဖွဲ့မှ မြို့တော် ဘိုဂိုတာတွင် ပြုလုပ်သော အခမ်းအနားတစ်ခု၌ အသိအမှတ်ပြု လက်မှတ်များ ပေးခဲ့ ခြင်းဖြစ်သည်။  ကိုလံဘီယာအစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့သည့် လွန်ခဲ့သောနှစ်မှ စတင်ကာ FARC သူပုန်အ ဖွဲ့ဝင် ထောင်ပေါင်းများစွာက လက်နက်များကို လွှဲပြောင်း ပေးအပ်ခဲ့သည်။ ကျူးဘားမြို့တော်တွင် လေးနှစ်ကြာ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံအတွက် သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်ကာ ထိုသဘော တူညီချက်ကြောင့် ကိုလံဘီယာနိုင်ငံ၏ ဆယ်စုနှစ်ပေါင်း ငါးခုကျော်ကြာ ပြည်တွင်းစစ်လည်း အဆုံးသတ်ခဲ့ ပြီဖြစ်သည်။


ကိုလံဘီယာ နိုင်ငံတစ်ဝန်းလုံးရှိ FARC သူပုန်အဖွဲ့ဝင် ၇ဝဝဝ နီးပါးကလည်း အရပ်သားဘဝသို့ ကူးပြောင်းနိုင်ရေးအတွက် စောင့်ဆိုင်းလျက်ရှိသည်။ အစိုးရနှင့် သူပုန်အဖွဲ့ကြား ရရှိခဲ့သည့် ငြိမ်းချမ်းရေး သဘောတူညီချက်ပါ အချက်အလက်များအရ သူပုန်များသည် မေလ ၁ ရက်တွင် အပြီးသတ် လက်နက်ချရမည်ဟု သတ်မှတ်ထားသော်လည်း လက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်၌ ကြန့်ကြာမှုများရှိနေဆဲဟု ကုလသမဂ္ဂက ပြောသည်။ FARC  အဖွဲ့နှင့် ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် ကိုလံဘီယာသမ္မတ ဂျူအန်မန်နျူယယ် ဆန်းတို့စ်သည်လည်း လွန်ခဲ့သောနှစ်တွင် ငြိမ်းချမ်း ရေးနိုဘယ်ဆုကို ရရှိခဲ့သည်။


Ref: BBC

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191