Main menu
HOT NEWS
adv
ပြန်ပေးငွေ တောင်းခံသည့် ကြီးမားသော ဆိုက်ဘာ တိုက်ခိုက်မှုနှင့် နိုင်ငံပေါင်း ၉၉ နိုင်ငံ ကြုံတွေ့ခဲ့ရ

ပြန်ပေးငွေ တောင်းခံသည့် ကြီးမားသော ဆိုက်ဘာ တိုက်ခိုက်မှုနှင့် နိုင်ငံပေါင်း ၉၉ နိုင်ငံ ကြုံတွေ့ခဲ့ရ

လန်ဒန်

အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA)မှ ဖန်တီးထားသည်ဟု ယူဆရသော ပရိုဂရမ်များကို အသုံးပြုခဲ့သည့် ကြီးမားသော ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုကြောင့် ကမ္ဘာတစ်ဝန်းလုံးရှိ အဖွဲ့အစည်းများစွာ ထိခိုက်ခဲ့ရသည်။ ကန်ဒေါ်လာ ၃ဝဝ နှင့် ညီမျှသော Bitcoin များ ပေးရမည်ဟု တောင်းဆိုသော ပရိုဂရမ်တစ်ခု ကြောင့် ကမ္ဘာ့နေရာ ထောင်ပေါင်းများစွာမှ ကွန်ပျူတာများ ပိတ်သွားခဲ့ရသည်။


ထွက်ပေါ်လာသော သတင်းများအရ အဆိုပါ တိုက်ခိုက်မှုကို ဗြိတိန်၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ စပိန်၊ အီတလီနှင့် ထိုင်ဝမ်တို့အပါအဝင် နိုင်ငံပေါင်း ၉၉ နိုင်ငံက ရင်ဆိုင်ခဲ့ရသည်ဟုသိရသည်။  လွန်ခဲ့သော ဧပြီလတွင် The Shadow Brokers ဟု ခေါ် သော ဟက်ကာများက NSA ပရို ဂရမ်များကို ခိုးယူခဲ့သည်ဟု ကြေညာကာ ယင်းတို့ကို အွန်လိုင်းပေါ်တင်ခဲ့သည်။ Microsoft ကဆိုက်ဘာ တိုက်ခိုက်မှုများကို ကာကွယ်ရန် Patch တစ်မျိုးကို ထုတ်ပြန်ခဲ့ သော်လည်း အသုံးပြုသူအများစုက Update လုပ်ခဲ့ပုံမရပေ။ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီတစ်ခုဖြစ်သော Avast ကုမ္ပဏီက ကမ္ဘာတစ်ဝန်းလုံးတွင် Wannacry နှင့် အခြားအမည်ကွဲများစွာရှိသော အွန်လိုင်းမှတစ်ဆင့် ပြန်ပေးငွေ တောင်းခံသည့် ဖြစ်ရပ် ပေါင်း ၇၅ဝဝဝ ကျော်ကို တွေ့ရှိခဲ့သည်ဟု ပြောသည်။


ယင်းက အလွန်ကြီးမား သော တိုက်ခိုက်မှု ဖြစ်သည်ဟုလည်း ကုမ္ပဏီ၏ အရာရှိတစ်ဦးက ပြောသည်။ ကျွမ်းကျင်သူများက အဆိုပါ ဖြစ်ရပ်နှစ်ခုကြား ဆက်စပ်နေပုံရသည်ဟု သုံးသပ်ကြသော်လည်း ယခုတိုက်ခိုက်မှုမှာ သီးခြားပစ်မှတ်များကို ပူးပေါင်းတိုက်ခိုက်မှု ဖြစ်ပုံမရဟု ပြောသည်။  အဆိုပါ ဆိုက်ဘာတိုက် ခိုက်မှုဒဏ်ကို ဗြိတိန်အမျိုးသား ကျန်းမာရေးဌာနလည်း ရင်ဆိုင်ခဲ့ရပြီး ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် ဆေးရုံဝန်ထမ်းများက လူနာများကို ကုသခြင်းနှင့် တွေ့ဆုံရန် စီစဉ်ထား ခြင်းများကို ဖျက်သိမ်းခဲ့ရသည်။  ထွက်ပေါ်လာသော သတင်းများအရ ယခု တိုက်ခိုက်မှုဒဏ်ကို ရုရှားနိုင်ငံက အများဆုံးခံခဲ့ရ သည်ဟုလည်း သိရသည်။


Ref: BBC

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191