Main menu
HOT NEWS
adv
ဆိုက်ဘာ တိုက်ခိုက်မှု အစိုးရများကို လှုပ်နှိုးလိုက်ခြင်းဖြစ်ဟု Microsoft ကုမ္ပဏီပြောကြား

ဆိုက်ဘာ တိုက်ခိုက်မှု အစိုးရများကို လှုပ်နှိုးလိုက်ခြင်းဖြစ်ဟု Microsoft ကုမ္ပဏီပြောကြား

ဝါရှင်တန်၊ မေ ၁၅

ပြီးခဲ့သည့်သီတင်းပတ်က နိုင်ငံ ပေါင်း ၁၅ဝရှိ ကွန်ပျူတာအလုံး ၂ဝဝဝဝဝ ကျော်ကို ransomware ဟုခေါ်သော မဲလ်ဝဲ (Malware) တစ်မျိုးဖြင့် ဆိုက်ဘာတိုက်ခိုက်ခံရခြင်းသည် ကမ္ဘာတစ်ဝန်းရှိအစိုးရများကိုလှုပ်နှိုးလိုက်ခြင်းဖြစ်ပြီး စတိုးဆိုင်များလုံခြုံရေးအားနည်းရှိသောကွန်ပျူတာများနှင့် တရားမဝင် သောဆော့ ဝဲလ်များနှင့်အသုံးပြု ခြင်းကို တားဆီးရန်လိုအပ်ကြောင်း Microsoft ကုမ္ပဏီဥက္ကဋ္ဌ Brad Smith က မေ ၁၄ ရက်တွင် ပြောသည်။


အစိုးရကွန်ပျူတာစနစ်တွင် အန္တရာယ်ရှိသော ဆိုက်ဘာတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရနိုင်ပြီး အမေရိကန် NSA အဖွဲ့ကိုပါ ဟက်ကာများက တိုက်ခိုက်လာနိုင်ကြောင်း ဆိုက်ဘာတိုက်ခိုက်မှုသည် အမေရိကန်စစ်တပ်မှ Tomahawk ဒုံးကျည်များခိုးယူခဲ့ရခြင်းနှင့်ညီမျှသော တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း Smith က သတိပေးပြောကြားခဲ့သည်။


ပြီးခဲ့သည့်မေ ၁၂ ရက်က ကမ္ဘာတစ်ဝန်းရှိကွန်ပျူတာများဆိုက်ဘာတိုက်ခိုက်ခံရခြင်းမှာ Microsoft ကုမ္ပဏီ Windows XP  ဆော့ဝဲလ် စနစ်၏ လုံခြုံရေးအားနည်းချက်ကို အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်း Windows XP  စနစ်ကို အမေရိကန်နည်းပညာကုမ္ပဏီနည်းပညာပိုင်းဆက်လက်ထောက် ပံ့ခြင်းမပြုတော့ကြောင်းသိရသည်။ ကွန်ပျူတာဟက်ကာများသည် အမေရိကန်အမျိုးသားလုံခြုံရေး အေးဂျင့် NSA မှဒစ်ဂျစ်တယ်ကုတ် အတုပြုလုပ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ၊ အစိုးရအနေနဲ့ဆိုက်ဘာ တိုက်ခိုက်မှုကာကွယ်ရန်ဥပဒေများ ထုတ်ပြန်သင့်ကြောင်း၊ လုံခြုံရေးအား နည်းချက်ရှိသောစတိုးဆိုင်များကွန်ပျူတာရောင်းချခြင်းကို တားဆီးကန့်သတ်သင့်ကြောင်း၊ Brad Smith ကပြောကြားခဲ့သည်။ တိုက်ခိုက်ခံရသော ကွန်ပျူတာစနစ်များတွင် အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ ရုရှား၊ စပိန်၊ ဂျာမနီ၊ ပြင်သစ်စသည့် နိုင်ငံများမှ အစိုးရဌာနများနှင့် ကုမ္ပဏီကြီးများပါဝင်သည့် ဗြိတိန်တွင် ကျန်းမာရေးဌာန၏ကွန်ပျူတာအတိုက်အခိုက်ခံရသ ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများ နှောင့်နှေသွားခဲ့သည်။

Ref : AFP 

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191