Main menu
HOT NEWS
adv
ဂျီနီဗာတွင် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆီးရီးယား သူပုန်နှင့် အစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံမည်

ဂျီနီဗာတွင် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆီးရီးယား သူပုန်နှင့် အစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံမည်

ဘေရွတ်၊ မေ ၁၅

ဆီးရီးယားငြိမ်းချမ်းရေးအတွက် ရုရှား၊ အီရန်နှင့်တူရကီတို့က ကြား ဝင်စေ့စပ်ပြီး ကာဇက်စတန် အက်စတာနာမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက် စစ်မက်လျှော့ချရေးဇုန်သတ်မှတ်နိုင်ခဲ့သည်။ ဆီးရီးယားမြို့တော် ဒမတ်စကတ်ရှိ သူပုန်တပ်ဖွဲ့များ နောက်ဆုတ်ရွှေ့ပြောင်းပေးခဲ့ရသည်။ မေ ၁၆ ရက်တွင် ဂျီနီဗာမြို့၌ ဆီး ရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကုလသမဂ္ဂက ကြားဝင်ညှိနှိုင်းပေးပြီး အက်စတာနာ သဘောတူညီချက်အတိုင်း ဆက်လက်ဆွေးနွေး၍ ဆီးရီးယားစစ်ပွဲအဆုံးသတ်ရန် ကြိုးစားလိမ့်မည်ဟု ဆီးရီးယားအ ရေးလေ့လာသူများက ပြောသည်။


မေ ၄ ရက်က အက်စတာနာ သဘောတူညီချက်ကို ဆီးရီးယားအစိုးရနှင့် သူပုန်အဖွဲ့လက်မှတ်ရေးထိုးခဲ့ပြီး စစ်မက်လျှော့ချရေးဇုန်များ သတ်မှတ်နိုင်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်မှစ၍ ဆီးရီးယားတွင် တိုက်ပွဲအရှိန်လျော့ကျလာခဲ့သည်။ အက်စတာနာသဘောတူညီချက်လက်မှတ်ရေးထိုးပြီးနောက် တိုက်ခိုက်မှုအနည်းငယ်ဖြစ်ပွားနေသော်လည်း ဒမတ်စကတ်မြို့ရှိ သူပုန်တပ်ဖွဲ့များထိန်းချုပ်ထားသည့် နေရာမှ ရွှေ့ပြောင်းပေးခဲ့ကြောင်း ကုလသမဂ္ဂ အထူးသံတမန် Staffan de Mistura ကပြောသည်။ ကုလသမဂ္ဂကြားဝင်၍ ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ အကြိမ် ကြိမ်ပြုလုပ်ခဲ့သော်လည်း ခိုင်မာ သောသဘောတူညီချက် မရရှိခဲ့ချေ။ ပြီးခဲ့သည့် မတ်လက ဂျီနီဗာဆွေး နွေးပွဲတွင် အိမ်စောင့်အစိုးရဖွဲ့ရန်၊ အခြေခံဥပဒေအသစ်ရေးဆွဲရန်၊ ရွေး ကောက်ပွဲကျင်းပပေးရန်နှင့် အစွန်း ရောက်အကြမ်းဖက်သမားများတိုက် ဖျက်ရန်တို့ ဆွေးနွေးခဲ့သည်။ ရီယတ်အခြေစိုက် ဆီးရီးယားစေ့စပ်ညှိနှိုင်း ရေးကော်မတီ HNC က ဆီးရီးယား အာဏာရှင်သမ္မတ အာဆတ်ကို ရာထူးမှဖြုတ်ချပြီး ပြုပြင်ပြောင်းလဲ ရေးဆောင်ရွက်ရန်တောင်းဆိုခဲ့သည်။


ဂျီနီဗာတွင် မေ ၁၆ ရက်၌ ကျင်းပမည့် ဆီးရီးယားငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆီးရီးယားအစိုးရ၏ ကုလသမဂ္ဂသံတမန် Bashar al-Jaafari  ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့တက်ရောက်မည်ဖြစ်ပြီး HNC အဖွဲ့မှကိုယ်စားလှယ် Nasr al-Hariri  နှင့် Mohammad Sabra တို့ ဦးဆောင်သော အစိုးရအတိုက်အခံ သူပုန်ကိုယ်စားလှယ်အဖွဲ့ တက် ရောက်မည်ဟုသိရသည်။ တူရကီ၊ အီရန်နှင့်ရုရှားတို့မှ ကိုယ်စားလှယ်များအကြား ဝင်ရောက်စေ့စပ်ညှိနှိုင်း ရန်ပါဝင်သော်လည်း အမေရိကန်က တိုက်ရိုက်ပါဝင်ဆွေးနွေးမည်မဟုတ် ကြောင်းသိရသည်။

Ref : AFP 

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191