Main menu
HOT NEWS
adv
မြောက်ကိုရီးယားနှင့် ဆက်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်ရန် တောင်ကိုရီးယားစဉ်းစားနေ

မြောက်ကိုရီးယားနှင့် ဆက်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်ရန် တောင်ကိုရီးယားစဉ်းစားနေ

ဆိုးလ် မေ ၁၇။   ။တောင်ကိုရီးယားသမ္မတသစ် မွန်ဂျယ်အင်းသည် မြောက်ကိုရီးယားအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ဆွေးနွေးမှုများ ပါဝင်သော မီးစတစ်ဖက်ရေမှုတ်မူဝါဒကို လုပ်ဆောင်ရန် ပြင်ဆင်နေချိန်တွင် မြောက်ကိုရီးယားအနေဖြင့် ဆက်သွယ်ရေးလမ်းကြောင်းသစ်များကို ပြန်လည်ဖွင့်လှစ်သင့်ကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

ပုံမှန်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် လီဒွတ်ဟန်က "ကျွန်တော်တို့ရဲ့ အခြေခံအကျဆုံး ရပ်တည်ချက်ကတော့ တောင်နဲ့မြောက်ကိုရီးယားကြားက ဆက်သွယ်ရေးလိုင်းတွေကို ပြန်ဖွင့်ပေးဖို့ပါပဲ၊ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနဟာ အတွင်းကျကျ ဒီကိစ္စကို စဉ်းစားနေတယ်ဆိုပေမယ့် ဘာဆုံးဖြတ်ချက်ကိုမှ မချမှတ်ရသေးပါဘူး" ဟု ပြောကြားခဲ့သည်။ ထို့ပြင် တောင်ကိုရီးယားမှ အာဏာပိုင်များ သည်နှစ်နိုင်ငံနယ်စပ်ရှိ ပန်မွန်ဂျွန်း ဆက်ဆံရေးရုံးသို့ သွားရောက်မည်ဖြစ်ကြီး မြောက်ကိုရီးယားထဲမှ တုန့်ပြန်မှုများကို နေ့စဉ်စစ်ဆေးမည်ဟုဆိုသည်။ ပြောခွင့်ရ ပုဂ္ဂိုလ်လီက " ကိုရီးယားနှစ်နိုင်ငံကြားက ဆက်သွယ်ရေးလမ်းကြောင်းတွေကို ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီလမှာ မြောက်ကိုရီးယားက ဆိုးရွားအောင် ပြုလုပ်ခဲ့ပါတယ်" ဟု ပြောဆိုသည်။ မြောက်ကိုရီးယားသည် နောက်ဆုံးနျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီးနောက် ပြုံးယမ်းဘက်က ၄င်းတို့နိုင်ငံအတွင်းရှိ လည်ပတ်နေသော ပူးတွဲစက်မှုဇုန်ကို ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။

Ref:AFP

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616