Main menu
HOT NEWS
adv
အမေရိကန်နှင့် တူရကီသမ္မတတို့ အိမ်ဖြူတော်တွင် တွေ့ဆုံ

အမေရိကန်နှင့် တူရကီသမ္မတတို့ အိမ်ဖြူတော်တွင် တွေ့ဆုံ

ဝါရှင်တန် မေ ၁၇။   ။တူရကီသမ္မတတေရစ်အာဒိုဂန်က ၄င်းတို့ဒေသတွင် ဆီးရီးယားကာ့ဒ်တိုက်ခိုက်ရေးသမားများကို လက်ခံမည်မဟုတ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို အင်္ဂါနေ့တွင် ပြောဆိုခဲ့သော်လည်း  ၄င်းတိုက်ခိုက်ရေးသမားများကို လက်နက်တပ်ဆင်ပေးမည့် အမေရိကန်၏ ဆုံးဖြတ်ချက်ကို တိုက်ရိုက်ဝေဖန်မှုကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းသိရသည်။

အိမ်ဖြူတော်တွင် ပြုလုပ်သည့်တွေ့ဆုံပွဲတွင် သမ္မတထရန့်က အာဒိုဂန်ကို အကြမ်းဖက်မှုအားတိုက်ခိုက်ရာတွင် ပါဝင်သည့် အဓိကမဟာမိတ်တစ်ဦး အနေဖြင့် ချီးကျူးခဲ့ပြီး ပြီးခဲ့သော နှစ်က မအောင်မမြင်ဖြစ်ခဲ့သည့် အာဏာသိမ်းမှုပြီးနောက် ပြည်တွင်းတွင် လုပ်ဆောင်ခဲ့သော အာဒိုဂန်၏ ဖြိုခွင်းမှုများကို ဖော်ပြပြောဆိုခဲ့ခြင်းမရှိပေ။ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် သမ္မတထရန့်က "ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပြီးတော့ ပိုပြီးကောင်းမွန်လာအောင် လုပ်ဆောင်နိုင်မှာပါ" ဟု ပြောဆိုခဲ့သည်။ တူရကီသမ္မတအာဒိုဂန်က "၄င်း၏ အလည်အပတ်ခရီးစဉ်သည် သမိုင်းဒီရေတလှည့်ပြန်အထိမ်းအမှတ်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံကြား ထူးချွန်ပြောင်မြောက်သော ဆက်ဆံရေးကို လည်း အလေးပေးပါကြောင်း"  ပြောဆိုခဲ့သည်။ အမေရိကန်က ဆီးရီးယားကာ့ဒ် YPG တိုက်ခိုက်ရေးသမားများကို လက်နက်တပ်ဆင်ပေးမည်ဆိုသော ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် အကောင်းမြင်သော မှတ်ချက်ပေးပြောဆိုခဲ့မှုများလည်း ဖြစ်သည်။

Ref:Reuters

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616