Main menu
HOT NEWS
adv
ကိုလံဘီယာ ဘိုဂိုတာ ဈေးဝယ်စင်တာ ဗုံးပေါက်ကွဲ သုံးဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

ကိုလံဘီယာ ဘိုဂိုတာ ဈေးဝယ်စင်တာ ဗုံးပေါက်ကွဲ သုံးဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

ဘိုဂိုတာ၊ ဇွန် ၁၈

ကိုလံဘီယာမြို့တော် ဘိုဂိုတာတွင် ဇွန် ၁၇ ရက် ညပိုင်းက လူစည်ကားသောဈေးဝယ်စင်တာတွင် ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အနည်းဆုံးသုံးဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ဇွန် ၁၈ ရက်တွင် မြို့ တော်ဝန် Enrique Penalosa  က ပြောသည်။


ဘိုဂိုတာမြို့လယ် လူစည်ကား သော Centro Andino  ဈေးဝယ်စင်တာဒုတိယထပ် အများသုံးအိမ်သာတွင် ဒေသစံတော်ချိန်ညနေငါးနာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ဈေးဝယ်စင်တာအတွင်းမှ လူအများကို ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းပေးခဲ့ရသည်။ ပေါက်ကွဲမှုမှာ အမျိုးသမီးအိမ်သာအတွင်း၌ ပေါက် ကွဲမှုဖြစ်ခဲ့သဖြင့် အမျိုးသမီးသုံးဦး သေဆုံးခဲ့ရသည်။ သေဆုံးသူသုံးဦးအနက် တစ်ဦးမှာ ဘိုဂိုတာမြို့၌ ဆင်းရဲမွဲတေသောဒေသခံများကို အကူအညီပေးရန် လုပ်အားပေး လာ ရောက်လုပ်ကိုင်နေသော (၂၃) နှစ်အရွယ် ပြင်သစ်အမျိုးသမီးတစ်ဦးဖြစ်သည်ဟု သိရသည်။


ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက် ဈေးဝယ်စင်တာနှင့်အနီးအနားရှိဈေးဆိုင်များပိတ်လိုက်ရပြီး အရေးပေါ်လူနာတင်ယာဉ်များ၊ လုံခြုံ ရေးတပ်ဖွဲ့များက ဈေးဝယ်သူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ ပြီး ဗုံးရှာဖွေရေးအဖွဲ့က ဗုံးစစ်ဆေး ရှာဖွေခဲ့သည်။ ဒဏ်ရာရရှိခဲ့သူ ၁၁ ဦးကို နီးစပ်ရာဆေးရုံသို့ အမြန်ပို့ ဆောင်ပေးခဲ့ရကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦးက AFP ကို ပြောသည်။ ဇွန် ၁၈ ရက်တွင်ကျရောက်မည့် ဖခင်များနေ့အထိမ်းအမှတ် ဈေးဝယ်သူများပြားနေချိန်တွင် ဗုံးခွဲတိုက်ခိုက်ခြင်းသည် သူရဲဘော ကြောင်သောအစွန်းရောက်များ၏ လုပ်ရပ်ဖြစ်ကြောင်း Juan Manuel Santos က ပြောသည်။


ကိုလံဘီယာနိုင်ငံတွင် FARC လက်နက်ကိုင်သူပုန်အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေးသဘောတူလက်မှတ် ရေးထိုးထားသည်။ ကိုလံဘီယာ နိုင်ငံ၏ ဒုတိယအကြီးဆုံးလက်နက်ကိုင်သူပုန်အဖွဲ့  ELN နှင့် အစိုးရ ငြိမ်းချမ်းရေးသဘောတူညီမှုရရှိရန် ဆွေးနွေးလျက်ရှိသည်။  ဘိုဂိုတာဈေးဝယ်စင်တာဗုံး ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ တာဝန်ယူပြောဆိုခဲ့ခြင်း မရှိချေ။ ယင်းတိုက်ခိုက်မှုသည် မူးယစ် မှောင်ခိုဂိုဏ်း Gulf Clan အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ဟု အာဏာပိုင်များက ပြောသည်။

 

Ref;AFP

#democracytoday

 

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616