Main menu
HOT NEWS
adv
သမ္မတ ဒေါ်နယ်ထရန့်၏ ဘလော့ခြင်း ခံထားရသူ  တွစ်တာ အသုံးပြုသူတို့က ထရန့်ကို တရားစွဲဆို

သမ္မတ ဒေါ်နယ်ထရန့်၏ ဘလော့ခြင်း ခံထားရသူ တွစ်တာ အသုံးပြုသူတို့က ထရန့်ကို တရားစွဲဆို

ဝါရှင်တန်

သမ္မတထရန့်၏ ဘလော(block)လုပ်ခြင်းခံရသည့် တွစ်တာ အသုံးပြုသူတို့က ထရန့်ကို ပြည် ထောင်စု တရားရုံးတွင် တရားစွဲဆိုထားကြောင်းသိရသည်။ သမ္မတ၏ ကိုယ်ပိုင်တွစ်တာအကောင့်သည် အများ ပြည်သူဟစ်တိုင်အဖြစ် စီစဉ်ဖန်တီးထားခြင်းဖြစ်ပြီး ယင်းသည် ပထမဦးဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အရ လွတ်လပ်စွာ ပြောဆိုခွင့်ရှိကြောင်း ဘလော့ခြင်းခံထားရသူတို့က ပြောကြားခဲ့သည်။

သို့ရာတွင် သူတို့၏ အစိုးရ ဆန့်ကျင်သည့်  ထင်မြင်ယူဆချက်များကြောင့် သမ္မတထရန့်က သူတို့ကို ဘလော့ခဲ့ကြောင်း ယင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟုဆိုကာ လွန်ခဲ့သည့်အင်္ဂါနေ့က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဘလော့ ခြင်းခံရသည့် တွစ်တာအသုံးပြုသူတို့က  သမ္မတထရန့်ကို အမည်တပ်၍ တရားစွဲဆိုသကဲ့သို့ အိမ်ဖြူတော်ပြန်ကြားရေးဝန်ကြီး ရှောင်စပိုက်ဆာနှင့် လူမှုရေး မီဒီယာညွှန်မှူး ဒန်နီယယ် စကာဗီနိုတို့ကိုပါ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။


Ref : AP
#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191