Main menu
HOT NEWS
adv
အဆိုတော် ဂန်နမ်းနှင့် သရုပ်ဆောင် ယူအီးတို့၏ အချစ်ရေးသတင်းကို အတည်ပြု

အဆိုတော် ဂန်နမ်းနှင့် သရုပ်ဆောင် ယူအီးတို့၏ အချစ်ရေးသတင်းကို အတည်ပြု

ဆိုလ်း ဇူလိုင် ၁၄  ။              ။ကေပေါ့ပ်အမျိုးသမီးအဆိုတော်အဖွဲ့ After School မှ အဖွဲ့ဝင်ဟောင်း သရုပ်ဆောင် ယူအီးနှင့် အဆိုတော် ဂန်နမ်းတို့သည် ၄င်းတို့နှစ်ဦး ချစ်ကြိုက်နေကြာင်း ၄င်းတို့၏ သက်ဆိုင်ရာ အေဂျင်စီများမှတဆင့် ဇူလိုင် ၁၄ တွင် အတည် ပြုခဲ့ကြသည်။ ၄င်းတို့နှစ်ဦးကို စီမံခန့်ခွဲပေး နေသော Yeolum အင်တာတိန်းမန့်နှင့် RD အင်တာတိန်းမန့်တို့က ၄င်းတို့နှစ်ဦး မကြာသေးမီကပင် ချစ်ကြိုက်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် SBS ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော "Law of the Jungle" အစီအစဉ်တွင် ဆုံစည်းခဲ့ကြခြင်း ဖြစ်သည်။ အေဂျင်စီများ၏ အဆိုအရ လွန်ခဲ့သော ၃ လခန့်က ချစ်သူဖြစ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်းတို့နှစ်ဦးကို တခါတရံ ပရိသတ်များက မြင်တွေ့ခဲ့ရကြပြီး လူမှုကွန်ရက်များ တွင်တွေ့ရသော ဓါတ်ပုံများထဲ၌ ၄င်းတို့နှစ်ဦးမှာ ရင်းနှီးသော မိတ်ဆွေအဆင့်ထက် ပိုသည်ဟု သတင်းများ ထွက်ပေါ် ခဲ့သည်။

အဆိုတော်၊ သရုပ်ဆောင် ယူအီးမှာ ၂၀၀၉ ခုနှစ်တွင် အမျိုးသမီးအဆိုတော်အဖွဲ့ဝင်တစ်ဦးအနေဖြင့် ပွဲဦးထွက် ခဲ့သော်လည်း သရုပ်ဆောင်ပိုင်း တွင် ပိုမိုတက်တက်ကြွကြွရှိသည်ကိုတွေ့ရသည်။ ပြီးခဲ့သည့် မေလတွင် After School အဖွဲ့မှ ထွက်ခဲ့သည့် ယူအီးသည် "High Society", "She Was Pretty", "Marriage Contract" နှင့် "Night Light" တို့အပါအဝင် ရုပ်သံဇာတ်လမ်းတွဲအချို့တွင် ပါဝင်ခဲ့သည်။

ဂန်နမ်းသည် ၂၀၁၁ ခုနှစ်တွင် အနုပညာလောကထဲသို့ ရောက်ရှိခဲ့သည့် ကိုရီးယားနွယ်ဖွား ဂျပန်နိုင်ငံသားဖြစ်ပြီး M.I.B အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။


Ref:Yonhap

Last modified onFriday, 14 July 2017 18:31
Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191