Main menu
HOT NEWS
adv
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တရုတ်အတိုက်အခံ လွီရှောင်ဘို အသည်းကင်ဆာဝေဒနာဖြင့် ကွယ်လွန်

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တရုတ်အတိုက်အခံ လွီရှောင်ဘို အသည်းကင်ဆာဝေဒနာဖြင့် ကွယ်လွန်

ရှန်ယန်း ဇူလိုင် ၁၄  ။   ။၁၉၈၉ ခုနှစ် တီယန်မန်ရင်ပြင် ဒီမိုကရေစီအရေးလှုပ်ရှားခဲ့ချိန်ကတည်းက အတိုက်အခံဖြစ်ခဲ့သော တရုတ်နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် လွီရှောင်ဘိုသည် အသည်းကင်ဆာနောက်ဆုံးအဆင့်ကို ကုသရန် နိုင်ငံမှ ထွက်ခွာခွင့်ကို ငြင်းပယ်ခံလိုက် ရပြီးနောက် ကြာသပတေးနေ့ (ဇူလိုင် ၁၃) တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

အသက် ၆၁ နှစ်အရွယ် လွီသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန် တောင်းဆိုသည့် "ပဋိညာဉ် ၀၈" ဟု လူသိ များသော အသနားခံစာကို ရေးသားခဲ့ပြီးနောက် "နိုင်ငံတော်အာဏာကို ဖျက်ဆီးရန် လှုံ့ဆောင်မှု" ဖြင့် ၂၀၀၉ ခုနှစ်တွင် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရသည်။

၎င်းကွယ်လွန်မှုကို ဝမ်းနည်းသည့် အနေဖြင့် ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာမာကယ်က လွီသည် လူထု အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့် အတွက် သတ္တိဗျတ္တိပြည့်ဝသော တိုက်ခိုက် ရေး သမား တစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်အစိုးရတို့က လွီ၏ မိသားစုအနေဖြင့် လွတ်လပ်စွာ ပြောင်းရွှေ့ခွင့်ပြုပေးရန် တရုတ်အစိုးရကို တောင်းဆိုလိုက်ကြသည်။

အာဏာရကွန်မြူနစ်ပါတီ၏ ဆူးသဖွယ်ဖြစ်နေသည့် လွီသည် တပ်သားများနှင့် တင့်ကားများ တီယန်မင်ရင်ပြင်ထဲသို့ ဝင်ရောက် မလာမီ ဆန္ဒပြသူများကို ထွက်ခွာခွင့်ပြုနိုင်ရန် သဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်းရာတွင် ကူညီခဲ့သူဖြစ်ပြီး နာမကျန်း ဖြစ်လာ သည့်အတွက် ပြီးခဲ့သော လတွင် ထောင်မှ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ရှန်ယန်းမြို့၊ ဆေးရုံတစ်ခုသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။

Ref:Reuters

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191