Main menu
HOT NEWS
adv
လျူရှောင်ဘို ကွယ်လွန်မှုအတွက် ကမ္ဘာ့နိုင်ငံများ ဝမ်းနည်းစကား ဆို

လျူရှောင်ဘို ကွယ်လွန်မှုအတွက် ကမ္ဘာ့နိုင်ငံများ ဝမ်းနည်းစကား ဆို

ပဲရစ်၊ ဇူလိုင် ၁၄

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တရုတ်နိုင်ငံသား လျူရှောင်ဘိုကွယ် လွန်မှုအတွက် ကမ္ဘာ့နိုင်ငံများက ဝမ်းနည်းစကားဆိုခဲ့ကြောင်း ဇူလိုင် ၁၄ ရက် AFP သတင်းတွင် ဖော်ပြပါရှိသည်။ တရုတ်ကွန်မြူနစ်အစိုးရကို ဆယ်စုနှစ်နှင့်ချီ အတိုက်အခံလုပ်ခဲ့ ပြီး လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့သော လျူရှောင်ဘိုသည် ကင်ဆာရောဂါဖြင့် ထောင်ဆေးရုံတွင် ဇူလိုင် ၁၃ ရက်၌ ကွယ်လွန်ခဲ့ သည်။ နိုင်ငံရေးလှုပ်ရှားမှုများ ကြောင့် အကြိမ်ကြိမ်ထောင်ကျခဲ့ သော လျူရှောင်ဘိုသည် ၂ဝဝ၉ ခုနှစ်တွင် ထောင်ဒဏ် ၁၁နှစ်ချမှတ် ခံခဲ့ရသည်။


လျူရှောင်ဘိုကွယ်လွန်မှုအတွက် နော်ဝေနိုဘယ်ဆုကော်မတီ၊ အမေရိကန်၊ ဂျာမနီ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဗြိတိန် စသည့်အဖွဲ့အစည်းနိုင်ငံများက ဝမ်း နည်းကြောင်း ကြေညာချက်များထုတ်ပြန်သည်။ နိုဘယ်ဆုကော်မတီက လျူ ရှောင်ဘိုအချိန်မတိုင်မီသေဆုံးရမှုအတွက် တရုတ်အစိုးရတွင်တာဝန် ရှိကြောင်း၊ ကင်ဆာရောဂါမကျွမ်းခင် လုံလောက်သောဆေးကုသမှု မရခဲ့ကြောင်းထုတ်ပြန်သည်။ အမေရိကန်အိမ်ဖြူတော်က သမ္မတဒေါ်နယ်ထရန့်အနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ ထင်ရှား သောတရုတ်နိုင်ငံရေးအကျဉ်းသား လျူရှောင်ဘိုသေဆုံးမှုအတွက် အထူးဝမ်းနည်းကြောင်း၊ သူသည် ဒီမိုကရေစီနှင့် လွတ်မြောက်မှုအတွက် တစ်သက်တာလုံးကြိုးပမ်းခဲ့ကြောင်း ထုတ်ပြန်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလည်း လျူရှောင်ဘို၏ဇနီးကို နေအိမ်အကျယ်ချုပ်မှလွှတ်ပေးရန် တောင်းဆိုလိုက်သည်။


ဂျာမနီအစိုးရကလည်း ဝန်ကြီးချုပ်မာကယ်အနေဖြင့် လျူရှောင်ဘို သေဆုံးမှုအတွက်ဝမ်းနည်းကြောင်း၊ သူသည် လူ့အခွင့်အရေးနှင့် လွတ်လပ်စွာပြောဆိုခွင့်အတွက် သတ္တိရှိ ရှိတိုက်ပွဲဝင်ခဲ့သူဖြစ်ကြောင်း ထုတ် ပြန်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Al Hussein က လျူရှောင်ဘိုသည် အကြမ်းမဖက် သောနည်းဖြင့် လူ့အခွင့်အရေးတောင်းဆိုရာတွင် စံပြပုဂ္ဂိုလ်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ဥရောပကော်မရှင်အကြီးအကဲ Juncker နှင့် အီးယူဥက္ကဋ္ဌ Donald Tusk က လျူရှောင်ဘိုသေဆုံးသည့်အတွက်ဝမ်းနည်းကြောင်း၊ အသုဘအခမ်းအနားကို မိသားစုဝင်များ စိတ်ကြိုက်ပြုလုပ်ခွင့်ပေးစေလို ကြောင်း၊ မိသားစုဝင်များအပေါ် ကန့်သတ်ထားမှုများ ဖယ်ရှားပေး စေလိုကြောင်း ထုတ်ပြန်သည်။ ပြင်သစ်သမ္မတ မက်ခရွန်ကလည်း လျူရှောင်ဘိုသည် လွတ် မြောက်မှုအတွက် တိုက်ပွဲဝင်သူဖြစ် ကြောင်း၊ မိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း ထုတ်ပြန်သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က တရုတ်အာဏာပိုင်များအနေဖြင့် လျူရှောင်ဘိုကို ပြည်ပတွင် ဆေးကုသခွင့်ပေးခဲ့သင့် ကြောင်း ထုတ်ပြန်သည်။


Ref:AFP
#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191