Main menu
HOT NEWS
adv
နိုဘယ်ဆုရှင် လူရှောင်ဘိုအား သင်္ဂြိုဟ်ကာ သူ၏ ဇနီးကို လွှတ်ပေးခဲ့ပြီဟု တရုတ်ဘက် ကဆို

နိုဘယ်ဆုရှင် လူရှောင်ဘိုအား သင်္ဂြိုဟ်ကာ သူ၏ ဇနီးကို လွှတ်ပေးခဲ့ပြီဟု တရုတ်ဘက် ကဆို

ရှန်ယန်း

မကြာသေးခင်က ကွယ်လွန်ခဲ့သော ငြိမ်းချမ်းရေး နိုဘယ်ဆု ရှင် လူရှောင်ဘိုအား စနေနေ့တွင် မီးသင်္ဂြိုဟ်ခဲ့ကာ သူ၏အမျိုးသမီး ဖြစ်သူကို လွှတ်ပေးခဲ့ပြီဟု တရုတ်အစိုးရအရာရှိတစ်ဦးက ပြောသည်။ အသက် ၆၁ နှစ် အရွယ် သူသည် တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ဆေးရုံတစ်ရုံ၌ ကြာသပတေးနေ့တွင် ကွယ်လွန်ခဲ့သည်။


ထိုဆေးရုံ၌ ¤င်းသည် အသည်းကင်ဆာ နောက်ဆုံးအဆင့် ရောဂါအား ကုသမှုခံယူနေခြင်းဖြစ်သည်။ ၎င်းသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်ရန်တိုက်တွန်းသည့် ပုဒ်မ ဝ၈ ဟု လူသိများ သော အသနားခံစာ တစ်စောင်ကို ရေးသားရန် ကူညီခဲ့ပြီးနောက် နိုင်ငံ တော်အာဏာအား နှောင့်ယှက်မှု ဖြင့် ၂ဝဝ၉ ခုနှစ်တွင် ထောင်ဒဏ် ၁၁ နှစ်အပြစ်ပေးခံခဲ့ရသည်။  ၎င်းနိုဘယ်ဆုရပြီးသည့် ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ ဇနီး ဖြစ်သူ လုရှားကိုလည်း တရုတ်အာဏာပိုင်များက နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည်။ သို့သော် ထောင်ကျနေသော လူရှောင်ဘိုအား တစ်လတွင်တစ်ကြိမ် တွေ့ဆုံခွင့် ပြုခဲ့သည်။


ရှန်ယန်းမြို့ အစိုးရ၏ သတင်းထုတ်ပြန်ရေး အရာရှိ ဇန်း က လူရှောင်ဘိုအား သူ့ဆွေမျိုးများ၏ဆန္ဒ၊ ရိုးရာ ထုံးတမ်းအစဉ်အလာများနှင့်အညီ စနေနေ့ မနက်ပိုင်းက မီးသင်္ဂြိုဟ်ခဲ့သည်ဟု ပြောသည်။ ထိုအခမ်းအနားတွင် သူ၏ဇနီးဖြစ်သူ လုရှားလည်း တက် ရောက်ခဲ့ကာ သူ့ကို ပြာအိုးပေးခဲ့သည်ဟုလည်း ဇန်က ပြောသည်။ ဆက်လက်၍ ဇန်က လုရှားသည် အ နှောင်အဖွဲ့မှ လွတ်မြောက်သွား ပြီဟု နားလည်ထားကြောင်းလည်း ပြောသည်။ ''လုရှားကို ဒီထက်ပိုပြီး ဒုက္ခမရောက်စေချင်တော့ပါဘူး'' ဟုလည်း ၎င်းက ဆက်လက်ပြော ကြားသည်။

 

Ref: SouthChinaMorningPost

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191