Main menu
HOT NEWS
adv
မော်ရီတေးနီးယားနိုင်ငံတွင် လူထုဆန္ဒခံယူပွဲ ကျင်းပမည်ကို ကန့်ကွက် ဆန္ဒပြ

မော်ရီတေးနီးယားနိုင်ငံတွင် လူထုဆန္ဒခံယူပွဲ ကျင်းပမည်ကို ကန့်ကွက် ဆန္ဒပြ

မော်ရီတေးနီးယား၊ ဇူလိုင် ၁၆

အနောက်အာဖရိကနိုင်ငံတစ် နိုင်ငံဖြစ်သော မော်ရီတေးနီးယား နိုင်ငံ၌ သြဂုတ် ၅ ရက်တွင်ကျင်းပမည့် အခြေခံဥပဒေပြင်ဆင်ရေးဆွဲရန်အတွက် လူထုဆန္ဒခံယူပွဲတစ်ရပ် ကျင်းပမည်ဟူသော အစိုးရကြေညာချက်ကို မကျေနပ်သူနိုင်ငံသားများသည် ဇူလိုင် ၁၅ ရက်က မြို့တွင်းလမ်းများပေါ်သို့ ချီတက်ဆန္ဒ ပြခဲ့ကြသည်ဟု ဇူလိုင် ၁၆ ရက် သတင်းရင်းမြစ်များအရ သိရသည်။


ယင်း၌အစ္စလာမ္မစ်ဝါဒီများနှင့် ကျေးကျွန်စနစ်ဖျက်သိမ်းရေးတက်ကြွလှုပ်ရှားသူများဦးဆောင်ကာ ဆန္ဒပြခဲ့ကြပြီး လွှတ်တော်ဖျက်သိမ်း ပေးရေး၊ နိုင်ငံအလံပြောင်းလဲပေး ရေးများအပါအဝင် တောင်းဆိုခဲ့ကြသည်ဟု သတင်းများအရ သိရသည်။  အခြေခံဥပဒေကို ဆန့်ကျင်ကာ အာဏာသိမ်းတက်ရောက်လာ သော သမ္မတမိုဟာမက်အွတ်အဗ္ဗ ဒဲလ်အဇစ်နုတ်ထွက်ပေးရေးများလည်း တောင်းဆိုဆန္ဒပြခဲ့ကြသည်။


Islamic Tewassoul ပါတီ ခေါင်းဆောင်ဂျမီးလ်အွတ်မန်ဆာက အခြေခံဥပဒေပြန်လည်ရေးဆွဲမည့်အစိုးရအနေဖြင့် သတင်းအချက်အလက်များပြည့်စုံစွာဖြင့် လူထုထံသို့ချပြသင့်သည်ဟု ပြောဆိုလိုက်သည်။ အတိုက်အခံများအနေဖြင့် လူထုဆန္ဒခံယူပွဲကိုအသုံးချ၍ သမ္မတရာထူးသုံးကြိမ်မြောက် ရယူသွားမည်ကို စိုးရိမ်ပူပန်နေကြသည်။


Ref: AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191