Main menu
HOT NEWS
adv
ပါကစ္စတန်-အီရန် နယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ အရပ်သားနှစ်ဦး သေဆုံး

ပါကစ္စတန်-အီရန် နယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ အရပ်သားနှစ်ဦး သေဆုံး

တီဟီရန်၊ ဇူလိုင် ၁၆

ပါကစ္စတန်နှင့် အီရန်နိုင်ငံနယ်စပ်တွင် ပါကစ္စတန်သူပုန်တပ်ဖွဲ့များနှင့် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့များ ဇူလိုင် ၁၅ ရက်က အပြန်အလှန်ပစ်ခတ်မှုကြောင့် အီရန်အရပ်သားနှစ်ဦး ထိမှန်သေဆုံး ခဲ့ရသည်ဟု တော်လှန်ရေး အစောင့်တပ်ဖွဲ့က ဇူလိုင် ၁၆ ရက်တွင် သတင်းကြေညာချက်ထုတ်ပြန်လိုက်သည်။


''ဇူလိုင် ၁၅ ရက် ညနေပိုင်းလောက်က အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ဟာ ပါကစ္စတန်နယ်ထဲကနေ အီရန်နယ်စပ် စစ္စတန်ဘလူချီစတန် ပြည်နယ် ဆာရာဗင်ဒေသကို လှမ်းပစ်ခဲ့တယ်။ အရပ်သားနှစ်ဦး သေဆုံးခဲ့ရတယ်''ဟု အီရန်အစောင့်တပ်များက Sepahnews သတင်းဝက်ဘ်ဆိုက်မှနေ၍ သတင်းထုတ်ပြန်လိုက်သည်။ တော်လှန်ရေးအစောင့်တပ် ဖွဲ့သည် အကြမ်းဖက်သမားတစ်ဦးကို ပစ်သတ်လိုက်နိုင်ခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိကာ ပါကစ္စတန်နယ်အတွင်း ပြန်လည်ဆုတ်ပြေးသွားကြ တယ်''ဟုလည်း ဖော်ပြထားသည်။


တိုက်ခိုက်သူများသည် မည်သည့်အဖွဲ့အစည်းကဖြစ်ကြောင်း တိကျစွာမဖော်ပြခဲ့သော်လည်း ယင်းဒေသတွင် ရံဖန်ရံခါလှုပ်ရှားထြ<ွက နေသော ဘလူချီစတန်အခြေစိုက် Jaish-al-Adl ဘာသာရေးအစွန်း ရောက်အဖွဲ့မှ ဖြစ်နိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက ပါကစ္စတန်ဝန်ကြီးချုပ် နဝပ်ရှရစ်(ဖ်)ထံသို့ နယ်စပ်အကြမ်းဖက်သမားများကို ထိရောက်စွာနှိမ်နင်းနိုင်ရန် အကြံပြုစာလွှာပေးပို့ထားသည်။ 

 

Ref: AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191