Main menu
HOT NEWS
adv
မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား လက်နက်ထုတ်လုပ်မှုဖျက်သိမ်းစေရန် တစ်ကမ္ဘာလုံးက ပူးပေါင်းခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို

မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား လက်နက်ထုတ်လုပ်မှုဖျက်သိမ်းစေရန် တစ်ကမ္ဘာလုံးက ပူးပေါင်းခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို

မနီလာ သြဂုတ် ၇

မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုကို လုပ်ဆောင်နိုင်မည့် မဲပေးမှုကို ကုလသမဂ္ဂတွင် လုပ်ဆောင်နိုင်ခဲ့ခြင်းသည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားလက်နက် ဖြုတ်သိမ်းစေရန်အတွက် တွန်းအားတစ်ခု၏ နောက်ကွယ်တွင် ကမ္ဘာ့အင်အားစုများက ပူးပေါင်းခဲ့ကြသည်ကို ပြဆိုနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

မနီလာမြို့တွင် ကျင်းပသော လုံခြုံရေးဖိုရမ်တစ်ခုတွင် မိန့်ခွန်းပြောကြားရာ၌ အမေရိကန်ထိပ်တန်းသံတမန်တစ်ဦးဖြစ်သူ ဝန်ကြီးရက်စ်တေလာဆန်က ပြဿနာကို ပြေလည်စေရန်အတွက် အမေရိကန်နှင့် ဆွေးနွေးချင်သည်ဆိုပါက ကင်ဂျုံအန်းအစိုးရ အနေဖြင့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

US state

 

ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ဝန်ကြီးတေလာဆန်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့်လည်းကောင်း မြောက်ကိုရီးယား၏ လက်နက်အရေးပေါ် ရပ်တည်ချက်ကို ထောက်ပံ့ပေးမည်ဟုဆိုသော ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလတ်ဗော့နှင့် လည်း မနီလာမြို့တွင် သီးခြားစီတွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲများပြန်စရန် တောင်းဆိုခဲ့လိုက်ချိန်တွင် မြောက်ကိုရီးယားနိုင်ငံသည် ပထမဆုံးအနေဖြင့် ဒုံးကျည်စမ်းသပ်မှုများကို ပထမဆုံးရပ်တန့်ရမည်ကို ပြန်လည်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် စနေနေ့တွင် နျူကလီးယားလက်နက်နှင့် ဒုံးကျည်အစီအစဉ်များကို ရပ်တန့်စေရန်ကြိုးပမ်းသည့်အနေဖြင့် တစ်နှစ်လျှင် ကန်ဒေါ်လာ ၁ ဘီလီယံ ရှိနိုင်သည့် မြောက်ကိုရီးယားနိုင်ငံအပေါ် ဆန့်ကျင်မည့် အမေရိကန်က ရေးဆွဲထားသော ပိတ်ဆို့အရေးယူ မှုများကို ကုလသမဂ္ဂတွင် မဲပေးခဲ့ကြသည်။

Ref:Reuters
#Democracytoday

Rate this item
(1 Vote)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com

Latest from System

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191