Main menu
HOT NEWS
adv
နိုင်ဂျီးရီးယား ခရစ်ယာန် ဝတ်ပြုကျောင်း အတွင်း သေနတ်ဖြင့် ပစ်ခတ်၊ အနည်းဆုံး ၁၁ ဦးသေဆုံး

နိုင်ဂျီးရီးယား ခရစ်ယာန် ဝတ်ပြုကျောင်း အတွင်း သေနတ်ဖြင့် ပစ်ခတ်၊ အနည်းဆုံး ၁၁ ဦးသေဆုံး

ဝါရီ(နိုင်ဂျီးရီးယား)၊ သြဂုတ် ၇

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ တောင်ဒေသ အိုဇူဘူလူမြို့ စိန့်ဖိလစ် ဘုရားကျောင်းတစ်ခု၌ သြဂုတ် ၆ ရက် နံနက် ၆ နာရီ(ဂရင်းနစ်စံတော်ချိန် ဝ၅ဝဝ နာရီ)အချိန်က သေနတ်သမားတစ်ဦး၏ ရမ်းကားစွာ ပစ်ခတ်မှုကြောင့် ဝတ်ပြုဆုတောင်းနေသူ အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ရသည်ဟု ဒေသန္တရရဲအဖွဲ့က သြဂုတ် ၇ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။  နိုင်ဂျီးရီးယားသမ္မတ မိုဟာမက်ဒူဘူဟာရီက ယင်းတိုက်ခိုက်မှုသည် နှုတ်မှဖွင့်ဟပြောစရာ မရှိလောက် အောင် လူမဆန်သော ရာဇဝတ်မှု ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချ လိုက်သည်ဟု သမ္မတရုံးက ထုတ်ဖော်ကြေညာလိုက်သည်။


''ဝတ်ပြုကိုးကွယ်နေသူ တွေကို တမင်တကာသွေးအေးအေးနဲ့ သတ် ဖြတ်တာမို့ ဖမ်းဆီးရမိပါက ညှာတာ စရာအကြောင်း မရှိ''ဟု သမ္မတက ထုတ်ဖော်ပြောဆိုလိုက်သည်။  ''ဘုရားကျောင်းထဲက ထွက်ရုံ ရှိသေး အထဲက သေနတ်သံတွေကြား ရပြီး လူတွေဝရုန်းသုန်းကား ထွက် ပြေးနေကြတယ်။ ဒါနဲ့ ကျွန်တော် လည်း ကြောက်လန့်ပြီး ကျောင်းတော်ထဲ ပြန်အဝင်မှာ သေတဲ့သူကသေ၊ နာနာကျင်ကျင် အော်ဟစ်ညည်းညူ သူကညည်းနဲ့ သွေးအိုင်ထဲမှာ မမြင်ဝံ့စရာ မြင်တွေ့နေရပါတယ်'' ဟု ဝတ် ပြုသူတစ်ဦးဖြစ်သူ ချပ်ဝူမအီမယ်ကာက ပြောဆိုလိုက်သည်။ ခရစ်ယာန်ဘာသာဝင်များလည်းရှိနေသော နိုင်ဂျီးရီးယားကဲ့ သို့ နိုင်ငံမျိုးတွင် ဘုရားကျောင်းအတွင်း သေနတ်ဖြင့် ဝင်ပစ်မှုဟူသည်ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်သည်။


နိုင်ငံတောင်ပိုင်း၌ ခရစ်ယာန်ဘာသာဝင်အများစုရှိပြီး မြောက်ပိုင်းတွင် မူဆလင်ဘာသာဝင်များ နေထိုင်ကြသည်။ နိုင်ငံ၌ ဘိုကိုဟာ ရမ်ဘာသာရေးအစွန်းရောက်များ ပြောက်ကျားများရှိကြပြီး နိုင်ငံဘာ သာရေးပစ်မှတ်များကို ပစ်ခတ်လေ့ရှိကြသည်။ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သေနတ်သမားအနည်းဆုံး ငါးဦးခန့်ရှိပြီး သေနတ်သမားတစ်ဦးတည်း၏ ပစ်ခတ်မှုဖြင့် လူများသေဆုံးခဲ့ရသည်ဟု သိရှိရသည်။ ''လူ ၁၂ ဦး သေဆုံးခဲ့တာကို ဆေးရုံ ပို့ပေးခဲ့ရပါတယ်''ဟု တက္ကသိုလ်လေ့ကျင့်ရေးဆေးရုံမှ အလုပ်သမားတစ်ဦးဖြစ်သူ Nnamdi Azikwe က အေအက်ဖ်ပီသတင်းဌာနသို့ ပြောဆိုလိုက်သည်။ သို့သော် ၁၁ ဦး သေဆုံးခဲ့ရပြီး ၁၈ ဦးဒဏ်ရာများ ရရှိခဲ့သည်ဟု ပြည်နယ်ရဲမင်းကြီး ဂါဘာအူးမားက အတည်ပြုပြောဆိုလိုက်သည်။


''သတင်းပေးချက် အရတော့ ကျောင်းထဲမှာရှိတဲ့ ဝတ်ပြုနေသူတွေထဲက မိသားစုတစ်စုကို သတ်ပေးဖို့ အခကြေးငွေပေး ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။ လူသတ်သမားတွေဟာ ကျောင်းထဲမှာ သူတို့ရှာနေသူမတွေ့ရလို့ တွေ့ရာမြင်ရာ အကုန်ပစ်ခဲ့ကြတယ်''ဟု ဒေသဆိုင်ရာ လူ့အခွင့်အ ရေး လှုပ်ရှားတက်ြ<ွကသူ အီမယ်ကာ ယူမယ်ဂဘလာဆီက ပြောကြားလိုက်သည်။ 

 

Ref: AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191