Main menu
HOT NEWS
adv
ချီကာဂိုမြို့ သီးသန့် ရန်ပုံငွေ ဆိုင်းငံ့ထားသဖြင့် ထရန့် အစိုးရကို တရားစွဲ

ချီကာဂိုမြို့ သီးသန့် ရန်ပုံငွေ ဆိုင်းငံ့ထားသဖြင့် ထရန့် အစိုးရကို တရားစွဲ

ချီကာဂို၊ သြဂုတ် ၈

ချီကာဂိုဒေသဆိုင်ရာအကျဉ်း ထောင်များအတွင်းသို့ လူဝင်မှုကြီး ကြပ်ရေးအရာရှိများဝင်ရောက်စစ် ဆေးခွင့်မပြုသဖြင့် သီးသန့်ရန်ပုံငွေ ဆိုင်းငံ့ထားခြင်းကြောင့် ချီကာဂို မြို့တော်ဝန်က ဒေါ်နယ်ထရန့်၏အစိုးရအဖွဲ့ကို ဗဟိုခရိုင်တရားရုံး၌ သြဂုတ် ၇ ရက်တွင် တရားစွဲဆိုခဲ့သည်။ အမေရိကန်နိုင်ငံ၏တတိယ အကြီးဆုံးမြို့ဖြစ် သော ချီကာဂိုသည် အခြေခံဥဒေပါအခွင့်အရေးနှင့် ဥပဒေစိုးမိုးရေး ရန်ပုံငွေရပိုင် ခွင့်အတွက် တရားစွဲဆိုခြင်းဖြစ် သည်။

ရဲအဖွဲ့အနေနှင့် ဒေသတွင်း ဥပဒေစိုးမိုးရေးအတွက် လူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖောက်သူ မည်သူကိုမဆို ၄၈ နာရီထက်ပို၍ ဖမ်းဆီးချုပ်နှောင်ခွင့်မရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဥပဒေ အရာရှိများအကြားတွင် ရဲတပ်ဖွဲ့က ပြေးလွှားနေရကြောင်း၊ ရဲတပ်ဖွဲ့လုံ ခြုံရေးအတွက်လိုအပ်သည့်အသုံး အဆောင်များ၊ ဒေါ်လာ ၃ ဒသမ ၂ သန်းဖိုးဝယ်ယူခွင့်ရရှိရန်မျှော်မှန်းထားကြောင်း ချီကာဂိုမြို့ တော်ဝန် Rahm Emanuel ကပြောသည်။ ချီကာဂိုမြို့တွင်လိုအပ်သောထောက် ပံ့ငွေဆိုင်းငံ့ခြင်းကိုပယ်ဖျက်ရန် တရားရုံး၌ဦးတိုက်လျှောက်ရခြင်း ဖြစ်ပြီး Edward Byrne Memorial Justice Assistance Grants  လျှောက်လွှာနောက်ဆုံးပိတ်သည့် စက်တင်ဘာ ၅ ရက်မတိုင်မီ တရားသူကြီး၏ အဆုံးအဖြတ်ရရှိရန်လိုအပ်သည်။


ပြီးခဲ့သည့်နှစ်ရဲမှတ်တမ်းများအရ ချီကာဂိုမြို့သည် နယူးယောက် နှင့် လော့စ်အိန်ဂျလိစ်မြို့တို့ထက် လူသတ်မှုပို၍များသဖြင့် ဥပဒေစိုး မိုးရေးနှင့် ရာဇဝတ်မှုတားဆီးနှိမ် နင်း ရေးအတွက် အထောက်အပံ့ ရရှိရန်လိုအပ်ကြောင်း ချီကာဂိုမြို့ တော်ဝန်ကပြောသည်။ ရာဇဝတ်မှုလျှော့ချရေးနှင့် ဥပဒေအရာရှိများကိုအကာအကွယ် ပေးထားသော ထရန့်၏ဆုံးဖြတ် ချက်ကိုလက်ခံမည်ဆိုလျှင် တရား မဝင်အခြေချသူများကို ပုန်းအောင်း ခွင့်မပြုသင့်ကြောင်း၊ ချီကာဂိုအနေ နှင့် ထောက်ပံ့ကြေးရယူလိုလျှင် လူဝင်မှုကြီးကြပ်ရေးအရာ ရှိများကို အကျဉ်းထောင်များသို့ အတားအ ဆီးမရှိ ဝင်ရောက်စစ်ဆေးခွင့်ပြုရန် နှင့် လူဝင်မှုဥပဒေချိုးဖောက်သူများကို ၄၈ နာရီအတွင်း လူမှုကြီးကြပ် ရေးအရာရှိများစစ်ဆေးခွင့်ပြုရန် တရားသူကြီးချုပ် Jeff Sessions  ကပြောသည်။

 

Ref;Reuters

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191