Main menu
HOT NEWS
adv
သြစတြေးလျတွင် တရားမဝင် လက်နက်များ သိမ်းဆည်း

သြစတြေးလျတွင် တရားမဝင် လက်နက်များ သိမ်းဆည်း

ဆစ်ဒနီ၊ သြဂုတ် ၈

သြစတြေးလျနိုင်ငံ ပြည်နယ် အများအပြားမှ သေနတ်မျိုးစုံ ၆ဝဝဝ ကျော်အား ရဲများကဖမ်းဆီးခြင်း၊ သိမ်းဆည်းခြင်းများ ပြုလုပ်နိုင်ခဲ့၍ တရားမဝင်လက်နက်များပိုင်ဆိုင်ကာ နိုင်ငံအတွင်း အကြမ်းဖက်မှုများနည်း ပါးသွားနိုင်ကြောင်း ဒေသခံများက ပြောသည်ဟု သြဂုတ် ၈ ရက် သတင်းများအရသိရသည်။ ဇွန်လအတွင်းကလည်း အစွန်း ရောက်အကြမ်းဖက်သမားများထံမှ တရားမဝင်လက်နက်မျိုးစုံ ၂၆ဝဝဝဝ သိမ်းဆည်းရမိခဲ့ပြီးဖြစ်သည်။


နယူးဆောက်ဝေးလ်ပြည်နယ်၌ သိမ်းဆည်းရမိခဲ့သောလက်နက်များတွင် SKS စစ်သုံးသေနတ်လေး လက်၊ ၉ မမ လက်လုပ်ပစ္စတိုတစ်လက်၊ ကို့လ်တ်အမျိုးအစား ARျ- ၁၅ ရိုင်ဖယ်တစ်လက်၊ အမ်-၁ ကာဘိုင်တစ်လက်နှင့် ပွိုင့် ၄၄ မက်ဂနမ် မောင်းပြန်သေနတ်တစ်လက်စသည်တို့ ပါဝင်သိမ်းဆည်းရမိသည်ဟု ရဲများကပြောသည်။


''ဂျပန်ဆာမူရိုင်း ဓားရှည်တွေ ရော ဓားမြှောင်တွေ၊ ဓားဦးချွန်တွေစတဲ့ တရားမဝင်လက်နက် ၁၁ဝ ကျော်တို့လည်း သိမ်းဆည်းနိုင်ခဲ့ တယ်''ဟု စုံထောက်ရဲမင်းကြီး ဝိန်း ဟော့(ဖ်)မင်းက ပြောသည်။ သြစ တြေးလျတွင် မှတ်ပုံမတင်၊ တရားမဝင်ကိုင်ဆောင်ကြသော လက်နက်များအား ဇူလိုင် ၁ ရက်မှ စက်တင် ဘာ ၃ဝ ရက်အတွင်း မှတ်ပုံတင်ရန် ကြေညာထားပြီးဖြစ်သည်။ သြစ တြေးလျတွင် လက်နက်ထိန်းချုပ် ရေးဥပဒေပြဋ္ဌာန်းထားပြီးဖြစ်သည်။


Ref:AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191