Main menu
HOT NEWS
adv
တရုတ် အနောက်တောင်ပိုင်းတွင် ၆ ဒသမ ၅ မဂ္ဂနီကျု ငလျင်လှုပ်၊ အနည်းဆုံး ၁၉ ဦးသေ ၂၄၇ ဦးဒဏ်ရာရ

တရုတ် အနောက်တောင်ပိုင်းတွင် ၆ ဒသမ ၅ မဂ္ဂနီကျု ငလျင်လှုပ်၊ အနည်းဆုံး ၁၉ ဦးသေ ၂၄၇ ဦးဒဏ်ရာရ

ပေကျင်း၊ သြဂုတ် ၉ 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တောင်တန်းဒေသတွင် သြဂုတ် ၈ ရက်ညပိုင်းက ပြင်းအား ၆ ဒသမ ၅ မဂ္ဂနီကျုရှိသော ငလျင်လှုပ်ခတ်ခဲ့သဖြင့် အနည်းဆုံး ၁၉ ဦးသေဆုံးပြီး ၂၄၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သြဂုတ် ၉ ရက်တွင် ဒေသအာဏာပိုင်များက ပြောသည်။ သြဂုတ် ၉ ရက်တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Xinjiang  ဒေသတွင် ပြင်းအား ၆ ဒသမ ၃ မဂ္ဂနီကျုရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၅ ဒသမ ၂ မဂ္ဂနီကျုနှင့် ၅ ဒသမ ၃ မဂ္ဂနီကျု ရှိသော နောက်ဆက်တွဲငလျင်များ ထပ်မလှုပ်ခဲ့ကြောင်း အမေရိကန်ငလျင်တိုင်းတာရေးအဖွဲ့ (USGS) ကပြောသည်။


သြဂုတ် ၉ ရက်နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သောငလျင်သည် UNESCO  အဖွဲ့က ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည့် Jiuzhaigou  သဘာဝဥယျာဉ်နှင့် နီးကပ်သဖြင့် ခရီးသွား ၃၁၅ဝဝ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ တရုတ် Sichuan  ပြည်နယ်တွင် ငလျင်လှုပ်ခတ်ခဲ့သဖြင့် လူနေအိမ် ၁၃ဝဝဝဝ ကျော်ပျက်စီးခဲ့ရပြီး အပျက်အစီးများအကြား သေ ကျေပျောက်ဆုံးသူများကို ကယ်ဆယ် ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့က ရှာဖွေ ရှင်းလင်းလျက်ရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေး ကော်မရှင်က ပြောသည်။ ငလျင်၏ ဗဟိုချက်မှာ ပြည်နယ်မြို့တော် Chengdu မြို့မှ မြောက်ဘက် ၂၈၄ ကီလိုမီတာအကွာ မြေအောက် ၁ဝ ကီလိုမီတာအနက်တွင် ဗဟိုပြု၍လှုပ်ခတ်ခဲ့သည်ဟု USGS ကပြောသည်။ မြေပြိုကျမှုကြောင့် ခရီးသွား ၁ဝဝ ကျော်ပိတ်မိနေကြောင်း၊ ဒဏ်ရာရသေ ဆုံးသူမရှိကြောင်း၊ Jiuzhaigou  ဒေသတွင် နေအိမ်များပြိုပျက်သဖြင့် အပျက်အစီးများကြား ပိတ်မိနေသူ များကို ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံလူငယ်များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်နေကြောင်း သိရသည်။


ကယ်ဆယ်ရေးအဖွဲ့များအနေ ဖြင့် ထိထိရောက်ရောက် လျင်လျင်မြန် မြန် ဆောင်ရွက်ရန်နှင့် ဒဏ်ရာရသူများကို အမြန်ဆုံးကယ်တင်ရန် သမ္မတရှီကျင့်ဖျင်က တောင်းဆိုခဲ့သည်။ ငလျင်ဖြစ်ပွားသည့် ဒေသများသို့ အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ရန် တရုတ်ကြက်ခြေနီအဖွဲ့နှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့မှ အလျင်အမြန်သွားရောက် ကူညီလျက်ရှိ ကြောင်း တရုတ်ကြက်ခြေနီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Gwendolyn Page ကပြောသည်။ သြဂုတ် ၈ ရက်က ငလျင်လှုပ်ခတ်ခဲ့သော ဒေသတွင် ၂ဝဝ၈ ခုနှစ်က ၈ ဒသမ ဝ မဂ္ဂနီကျု ရှိသော ငလျင်ကြီးလှုပ်ခတ်ခဲ့သဖြင့် လူပေါင်း ၈၇ဝဝဝ ကျော်သေကျေ ပျောက်ဆုံးခဲ့သည်။


Ref; AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191