Main menu
HOT NEWS
adv
ကင်ညာရွေးကောက်ပွဲ ကနဦး ရလဒ်များကြေညာမှုကို အတိုက်အခံ ကန့်ကွက်

ကင်ညာရွေးကောက်ပွဲ ကနဦး ရလဒ်များကြေညာမှုကို အတိုက်အခံ ကန့်ကွက်

နိုင်ရိုဘီ၊ သြဂုတ် ၉

ကင်ညာအတိုက်အခံများသည် သြဂုတ် ၉ ရက် သမ္မတရွေး ကောက်ပွဲ၏ကနဦးရလဒ်များကိုပယ်ချလိုက်သည်ဟု သတင်းများအရသိရှိရသည်။ ယင်းရေတွက်မှုများသည် အတုအယောင်ရေတွက်ထားမှုများ ဖြစ်သည်ဟုဆိုကာ သမ္မတအူဟူရူ ကင်ညာတာအရွေးချယ်ခံရမှုအား ကန့်ကွက်လိုက်ကြသည်။ ယင်းအား ပြိုင်ဘက်သမ္မတလောင်း ရေလာအို ဒင်ဂါကဦးဆောင်ကန့်ကွက်လိုက်ပြီး ယင်းသို့မှားယွင်းရေတွက်မိပါက ကင်ညာကဲ့သို့ အရှေ့အာဖရိကနိုင် ငံငယ်လေးတွင် အကြမ်းဖက်ဆူပူ မှုများဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်ပြောဆိုလိုက်သည်။


၂ဝဝ၇ ခုနှစ်ကလည်း အလားတူဖြစ်ရပ်မျိုးကြောင့် နိုင်ငံရေးအုံကြွမှုများဖြစ်ပေါ်လာခဲ့ကာ လူ ၁၁ဝဝ ခန့်သေဆုံးခဲ့ရပြီး လူ ၆ဝဝဝဝဝ ခန့် အိုးပစ်အိမ်ပစ်ထွက်ပြေးခဲ့ရသည်။ လူ ၁၁ သန်းကျော်မဲပေးထားမှုတွင် ဆန္ဒမဲ ၅၅ ရာခိုင်နှုန်းရှိမဲစာရင်းများ ကိုသာ ရွေးကောက်ပွဲကော်မရှင်က ရေတွက်ပြီး ပြတ်တောင်းပြတ်တောင်း ကြေညာနေခြင်းသည်ပုံစံမမှန် ကြောင်း အိုဒင်ဂါကထောက်ပြခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်သည် မိမိထံသို့မဲမည်မျှရောက်လာသည် ကိုမဖော်ပြဘဲ မဲရလဒ်များကိုသာ ကြေညာနေခြင်းသည်လည်း မဖြစ်သင့်ကြောင်းပြောဆိုခဲ့သည်။


အသက် (၇၂) နှစ်ရှိ အိုဒင်ဂါသည် သမ္မတရွေးကောက်ပွဲလေးကြိမ်ဝင်ခဲ့ပြီး ယခုတစ်ကြိမ်သည် နောက်ဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်မှုဖြစ်နိုင် ကြောင်း အကဲခတ်သမားများက လေ့လာပြောဆိုခဲ့ကြသည်။ ယင်းသို့ မဲများ၏ကနဦးရလဒ် များကိုကြေညာပေးရခြင်းမှာ ကင်ညာပြည်သူလူထုသို့ပွင့်လင်းမြင်သာမှုအရကြေညာခြင်းဖြစ်ကြောင်း ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ရို့စလင်း အက်ကွန်ဘေးကထုတ်ဖော်ပြောဆိုလိုက်သည်။ 

 

 Ref; AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191