Main menu
HOT NEWS
adv
ဂါဇာဒေသကို အစ္စရေး ဗုံးကြဲ၊ သုံးဦး ဒဏ်ရာရ

ဂါဇာဒေသကို အစ္စရေး ဗုံးကြဲ၊ သုံးဦး ဒဏ်ရာရ

ဂါဇာစီးတီး၊ သြဂုတ် ၉

အစ္စရေးနိုင်ငံဘက်ကို ရော့ ကက်ဒုံးကျည်ဖြင့် ဟားမက်စ်အဖွဲ့များက ပစ်ခဲ့ပြီး နာရီပိုင်းအကြာတွင် ဂါဇာဒေသရှိ ဟားမက်စ်အခြေစိုက်စခန်းကို သြဂုတ် ၈ ရက်ညပိုင်း၌ အစ္စရေးက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သုံးဦးဒဏ်ရာရရှိခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဟားမက်စ်အုပ်စု၏စစ်အခြေ စိုက်စခန်းကို အစ္စရေးလေတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် အပျက်အစီးအများအပြားရှိပြီး အနည်းဆုံး ပါလက်စတိုင်းသုံးဦးဒဏ်ရာရခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့ကပြောသည်။


ဂါဇာစီးတီးရှိ Shifa  ဆေးရုံတွင် ဒဏ်ရာရသူသုံးဦးကို ဆေးဝါးကုသမှုဆောင်ရွက်ပေးနေပြီး (၂၆) နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဦး ခေါင်းကိုချွန်ထက်သောအရာတစ်ခုစိုက်ဝင်နေသဖြင့် အခြေအနေစိုး ရိမ်ရကြောင်း ကျန်းမာရေးဌာနသတင်းရင်းမြစ်ကပြောသည်။ အစ္စရေးနိုင်ငံတောင်ပိုင်းတွင် သြဂုတ် ၈ ရက်က ပခုံးထမ်းဒုံးကျည် ကျရောက်ခဲ့သဖြင့် လက်တုံ့ပြန်သည့်အနေနှင့် ဟားမက်စ်အခြေစိုက်စခန်းကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး နှင့်အစ္စလာမ္မစ်ဟားမက်စ်အဖွဲ့တို့ ၂ဝဝ၈ ခုနှစ်မှစ၍ တိုက်ပွဲသုံးကြိမ်အထိဖြစ်ပွားခဲ့ဖူးသည်။

 

၂ဝ၁၄ ခုနှစ်တွင် အစ္စရေးနှင့်ပါလက်စတိုင်းအပစ်အခတ်ရပ်စဲပြီးနောက် နယ်စပ် လုံခြုံရေးကို တင်းကျပ်စွာဆောင်ရွက်ခဲ့သည်။ အစ္စရေးဘက်အခြမ်းသို့ အစ္စလာမ္မစ်အစွန်းရောက်အဖွဲ့များက ဒုံးကျည်ဖြင့်ပစ်ခတ်ရန်စ လေ့ရှိပြီး ယေဘုယျအားဖြင့် ယင်းအစွန်းရောက်အဖွဲ့များသည် ဟားမက်စ်အဖွဲ့နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ သို့သော် ဂါဇာကမ်းမြောင်ဒေသမှ တိုက်ခိုက်သည့်ဒုံးကျည်အားလုံးအတွက် ဟားမက်စ်အဖွဲ့တွင် တာဝန်ရှိသည်ဟု အစ္စရေးကစွပ်စွဲ ပြောကြားခဲ့သည်။

 

Ref: AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191