Main menu
HOT NEWS
adv
မက္ကဆီကို ကမ်းရိုးတန်းဒေသသို့ ဟာရီကိန်း ဖရန့်ကလင် တစ်နာရီ ၈၅ မိုင်နှုန်းဖြင့် ဝင်ရောက်

မက္ကဆီကို ကမ်းရိုးတန်းဒေသသို့ ဟာရီကိန်း ဖရန့်ကလင် တစ်နာရီ ၈၅ မိုင်နှုန်းဖြင့် ဝင်ရောက်

မက္ကဆီကိုစီးတီး၊ သြဂုတ် ၁ဝ

မက္ကဆီကိုနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းဒေသတွင် သြဂုတ် ၁ဝ ရက် နံနက်က ဟာရီကိန်းမုန်တိုင်း ဖရန့်ကလင် စတင်ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် လေပြင်းတိုက်ခတ် ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်း ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန်အမျိုးသား ဟာရီကိန်းစင်တာ(NHC)က ပြောသည်။


ဟာရီကိန်းဖရန့်ကလင်သည် Veracruz ဆိပ်ကမ်းမြို့မှ အနောက် မြောက်မိုင် ၇ဝ အကွာရှိ Lechuguillas မြို့သို့ သြဂုတ် ၁ဝ ရက်အ စောပိုင်းတွင် စတင်ဝင်ရောက်ခဲ့ပြီး လေတိုက်နှုန်းမှာ တစ်နာရီ ၈၅ မိုင် နှုန်းရှိကာ မုန်တိုင်းဗဟိုချက်မှစ၍ တိုင်းတာလျှင် ၃၅ မိုင်ပတ်လည် အကျယ်ရှိကြောင်း၊ မုန်တိုင်းကြောင့် မိုးအဆက် မပြတ်ရွာသွန်းပြီး မိုးရေချိန်မှာ အမြင့်ဆုံး ၁၅ လက်မအထိ ရောက်ရှိနိုင်ကြောင်း NHC ကပြောသည်။ မုန်တိုင်းကြောင့် ရေကြီးရေလျှံ ခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပွားလာနိုင်သဖြင့် မြစ်ကြောင်းဘေးတွင် နေထိုင်သူများနှင့် တောင်စောင်းဒေသတွင် နေထိုင်သူများကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ ကမ်းရိုးတန်းဒေသရှိ မြို့ ၉ဝ ခန့်မှ ပြည်သူ နှစ်သန်းကျော်ကို ထိခိုက်စေနိုင်ကြောင်း Veracruz  ပြည်နယ်အုပ်ချုပ်ရေးမှူး Miguel Angel Yune က ပြောသည်။


သို့သော်နောက်ပိုင်းတွင် ဟာရီကိန်း ဖရန့်ကလင်သည် တဖြည်းဖြည်း အားပျော့သွားပြီး အပူပိုင်းမုန်တိုင်း ငယ်အဆင့်သို့ လျော့ကျသွားသည် ဟု NHC ကထုတ်ပြန်ကြေညာခဲ့သည်။ မက္ကဆီကို စစ်သားများနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များသည် ဘေး အန္တရာယ်ကျရောက်နိုင်သော ဒေသများမှ လူအများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး သင်္ဘောသာများ၊ တံငါသည်များကို ပင်လယ်သို့ မထွက်ရန်တားမြစ်ခဲ့ကြောင်း သိရသည်။ ဟာရီကိန်း ဖရန့်ကလင်သည် ယခုနှစ် ဟာရီကိန်းရာသီတွင် ပထမဆုံးဝင်ရောက်သည့် ဟာရီကိန်းမုန်တိုင်းတစ်ခုဖြစ်ပြီး အတ္တလန္တိတ် ဟာရီကိန်းမုန်တိုင်းရာသီတွင် မက္ကဆီကို ကမ်းရိုးတန်းသို့ မုန်တိုင်း မကြာခဏဝင်ရောက်လေ့ရှိသည်။ နှစ်စဉ် ဇွန် ၁ ရက်မှ နိုဝင်ဘာ ၃၁ ရက်အထိ မက္ကဆီကိုတွင် ဟာရီကိန်း မုန်တိုင်း ဝင်ရောက်လေ့ရှိသည်။ ၂ဝ၁၃ ခုနှစ် စက်တင်ဘာတွင် မက္ကဆီကိုအရှေ့ခြမ်း Guerrero  ပြည်နယ်တွင် ဟာရီကိန်း Ingrid ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လူ ၁၅၇ ဦးသေဆုံးခဲ့သည်။ 

 

Ref:AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191