Main menu
HOT NEWS
adv
အီဂျစ်တွင် မီးရထားနှစ်စင်း တိုက်မိ၊ ၃၆ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ

အီဂျစ်တွင် မီးရထားနှစ်စင်း တိုက်မိ၊ ၃၆ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ

ကိုင်ရို၊ သြဂုတ် ၁၂ 

အီဂျစ်နိုင်ငံ Alexandria  နယ်တွင် သြဂုတ် ၁၁ ရက်က မီးရထား နှစ်စင်း မတော်တဆတိုက်မိကာ အနည်းဆုံး ၃၆ ဦးသေဆုံးခဲ့ပြီး ၁၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သြ ဂုတ် ၁၂ ရက်တွင် ကျန်းမာရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်သည်။


မီးရထား မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူအားလုံးကို Alexandria ပြည်နယ်နှင့် Beheira ပြည် နယ်ရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ရ ကြောင်း၊ ဒဏ်ရာရသူများကို အရေး ပေါ် လူနာတင်ယာဉ် ၇၅ စီးဖြင့် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ ဒဏ်ရာရသူအများစုမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရသဖြင့် သေဆုံးစာရင်းထပ်၍ တိုးလာနိုင် ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အီဂျစ်နိုင်ငံမြို့တော် Cairo မြို့ မှ မြေထဲပင်လယ်ကမ်းခြေမြို့ Alexandria  မြို့သို့ ဦးတည်ခုတ်မောင်းလာ သော အမြန်ရထားနှင့် Alexandria  မြို့မှ Cairo မြို့သို့ထွက်ခွာသော အမြန်ရထားတို့ မတော်တဆတိုက် မိခြင်းဖြစ်သည်။ ပင်လယ်ကမ်းရိုး တန်း မြို့တစ်မြို့ဖြစ်သော Alexandria  မြို့အရှေ့ဘက် Kourshid ဒေသတွင် မီးရထားတိုက်မှုဖြစ်ပွား ခဲ့ကြောင်း မီးရထားနှစ်စင်း မတော် တဆတိုက်မိခြင်းမှာ ဖြစ်ခေါင့် ဖြစ်ခဲကိစ္စတစ်ခုဖြစ်ကြောင်း အီဂျစ် အာဏာပိုင်တို့က ပြောသည်။


မီးရထားနှစ်စင်းတိုက်မိသော နေရာတွင် အပျက်အစီးများရှင်းလင်း ဖယ်ရှားရန် ကရိန်းများ စေလွှတ်ပေးရန် အီဂျစ်ဝန်ကြီးချုပ် Sherif Ismail ကအမိန့်ထုတ်ပြန်ခဲ့သည်။ မီးရထား နှစ်စင်းတိုက်မှု ဖြစ်ပွားရာတွင် ကိုယ်တိုင်ကြုံတွေ့ခဲရသူများက ဒဏ်ရာ သေဆုံးသူတစ်ရာခန့် ရှိကြောင်း ဒေသမီဒီယာများကို ပြောသည်။ ၂ဝ၁၃ ခုနှစ်တွင် အီဂျစ်-ဂါဇာ လမ်းကြောင်းဒေသနှင့် ဆက်သွယ်ထားသော မီးရထားတစ်စင်းမတော် တဆမှုဖြစ်ပွားခဲ့ကာ ၁၉ ဦးသေဆုံး ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ကျောင်းကားနှင့် မီးရထားတိုက်မှုဖြစ်ပွားခဲ့သဖြင့် ၅၁ ဦး သေဆုံးခဲ့သည်။


Ref; Xinhua

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191