Main menu
HOT NEWS
adv
မြောက်ကိုရီးယား၏ ဒုံးပျံခြိမ်းခြောက်မှု ကာကွယ်ရန်  ဒုံးပျံ ကာကွယ်ရေး စနစ်များ ဂျပန် တပ်ဆင်

မြောက်ကိုရီးယား၏ ဒုံးပျံခြိမ်းခြောက်မှု ကာကွယ်ရန် ဒုံးပျံ ကာကွယ်ရေး စနစ်များ ဂျပန် တပ်ဆင်

တိုကျို၊ သြဂုတ် ၁၂

မြောက်ကိုရီးယားက ဂျပန်ကျွန်းပေါ်ကိုဖြတ်၍ အမေရိကန်၏ ပစိဖိတ်သမုဒ္ဒရာရှိ ဂူအမ်ကျွန်းကို တိုက်ချင်းပစ်ဒုံးပျံဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ဂျပန်က ၎င်း၏ ပက်ထရီအော့ ဒုံးခွင်းဒုံးစနစ်ကို သြ ဂုတ် ၁၂ ရက်က ချထားလိုက်ကြောင်း သတင်းများက ဖော်ပြခဲ့ကြောင်း AFP သတင်းကဆိုသည်။


အမေရိကန်နှင့် မြောက်ကိုရီး ယားကို အပြန်အလှန်စကားအရ ခြိမ်းခြောက်မှုများကို ပြောကြား နေခဲ့ကြရာ ဒေသတွင်းတင်းမာမှု မြင့်မားလာခဲ့သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြောက် ကိုရီးယားသည် အမေရိကန်ကိုရန် ပြုမူလုပ်ဆောင်လာပါက အမှန်ပင် စိတ်သောက ရောက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနက Patriot Advanced Capability-3 (PAC-3) ဒုံးခွင်းဒုံးစနစ်အား ဂျပန် အနောက်ပိုင်းရှိ ရှီမာနေ၊ ဟီရိုရှီးမား နှင့် ကိုချီတို့တွင် ချထားခဲ့ကြောင်း၊ အဆိုပါနေရာများမှာ မြောက်ကိုရီး ယားဒုံးပျံ ဖြတ်သန်းသွားမည့်လမ်း ကြောင်းပေါ်တွင်ကျရောက်နေ ကြောင်း NHK သတင်းကကြေညာ ခဲ့သည်။ ထို့အပြင် ဒုံးခွင်းဒုံးစနစ်ကို အနီးအနားရှိ အီဟီမီဒေသတွင် လည်း ချထားသွားမည်ဟု NHK က ဖော်ပြခဲ့သည်။


ဓာတ်ပုံများတွင် စစ်ကားများက ဒုံးပစ်လောင်ချများနှင့် အခြား လိုအပ်သည့် စစ်လက်နက်ပစ္စည်းများကို သယ်ဆောင်နေသည်ကို ဖော်ပြခဲ့သည်။ ဒုံးခွင်းဒုံးစနစ်မှာ မြေပြင်မှ ဝေဟင်ပစ်စနစ်ဖြစ်သည်။ ကိုချီရှိဒုံးခွင်းဒုံးစနစ်ကို အာရုံမတက် မီ ဂျပန်စစ်တပ်က ချထားခဲ့သည်။ ဂျပန်က မြောက်ကိုရီးယားဒုံးပျံသည် ¤င်း၏နယ်မြေကို ထိမှန် မည်ဆိုပါက ပစ်ချသွားမည်ဟု ယခင် ကဆုံးဖြတ်ထားခဲ့သည်။ ယခုအခါ ဒုံးခွင်းဒုံးစနစ်ကို ဂျပန်အနောက် ပိုင်း၌ ချထားလိုက်ပြီဖြစ်ကြောင်း ကျိုဒိုသတင်းက ဖော်ပြခဲ့သည်။ ဂျပန်အစိုးရက မြောက်ကိုရီး ယား၏ရန်စမှုကို ဘယ်တော့မှသည်း ခံမည်မဟုတ်ကြောင်း ယခင်တစ် ပတ်က ပြောခဲ့သည်။ ၂ဝဝ၉ ခုနှစ်က မြောက်ကိုရီး ယားဒုံးပျံတစ်စင်း ဂျပန်ကျွန်းကို ကျော်ကာ သမုဒ္ဒရာထဲသို့ကျခဲ့သည်။ ဂျပန်က ပစ်ချခြင်းမဟုတ် ခဲ့ပေ။ ဤပစ်ခတ်မှုကို မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်သည် ဟု ပြောခဲ့သည်။ သို့ရာတွင် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က ICBM က ဒုံးပျံစမ်းသပ်သည် ဟုယူဆခဲ့ကြသည်။ 

 

Ref;AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191