Main menu
HOT NEWS
adv
တရုတ် နယ်စပ်တွင် အိန္ဒိယတပ် အင်အား တိုးမြှင့်ချထား

တရုတ် နယ်စပ်တွင် အိန္ဒိယတပ် အင်အား တိုးမြှင့်ချထား

နယူးဒေလီ၊ သြဂုတ် ၁၂

အိန္ဒိယကမြောက်ပိုင်း တရုတ်နယ်စပ်အနီးတွင် ၎င်း၏စစ်တပ်အင်အားကို တိုးမြှင့်ချထားခဲ့ကြောင်း၊ အိန္ဒိယနှင့်တရုတ်တို့သည် မဟာဗျူဟာ အချက်အချာကျသည့် ဟိမဝန္တာကုန်းမြင့်ဒေသတွင် တင်းမာမှုဖြစ်ကာ လိပ်ခဲတည်းလည်းအခြေအနေ ဖြစ်ပွားလျက်ရှိကြောင်း AFP သတင်းက သြဂုတ် ၁၂ ရက်တွင်ဖော်ပြလိုက်သည်။


အရေးကြီးသောအခြေအနေ၌ ယခုကဲ့သို့ စစ်တပ်အင်အားတိုးမြှင့် ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ PTI သတင်းဌာနက ဖော်ပြလိုက်သည်။ စစ်တပ်အင်အားတိုးမြှင့်သော ဒေသများမှာ တရုတ်နယ်စပ်ရှိ ဆစ် ကင်းနှင့် အရူနာချီးလ်ဒေသတို့ ဖြစ်ကြောင်း သက်ဆိုင်ရာကပြောခဲ့ သည်။ အခြားအသေးစိတ်ကိုမူဖော် ပြခြင်းမရှိခဲ့ဟုဆိုသည်။ သို့ရာတွင် အိန္ဒိယဘူတန်နှင့် တရုတ်တို့သုံးပွင့်ဆိုင်နယ်မြေတွင် မူ တပ်တိုးချခြင်းမရှိဟုဆိုသည်။ အဆိုပါဒေသတွင် အိန္ဒိယစစ်သား ၃၅ဝ ခန့် တရုတ်စစ်တပ်နှင့် ရင်ဆိုင် လျက်ရှိနေသည်မှာ ခုနစ်ပတ်ခန့် ရှိ နေပြီဖြစ်သည်။ ဤတင်းမာမှုမှာ ဇွန်လတွင် တရုတ်စစ်တပ်က ဒိုကလမ်နယ်မြေ ၌ လမ်းဖောက်လုပ်ရာမှ စတင်ခဲ့ သည်။ ဤဒေသမှာ တရုတ်နှင့် ဘူတန်တို့ ပဋိပက္ခဖြစ်နေသည့်နေရာ ဖြစ်သည်။


အိန္ဒိယမှာဘူတန်၏ နီးစပ် သော မဟာမိတ်ဖြစ်ပြီး၊ ဤသို့ စစ်တပ်ချထားခဲ့ခြင်းမှာ တရုတ်၏လမ်းဖောက်လုပ်မှုကို ရပ်တန့်ရန် ဖြစ်သည်။ တရုတ်က အိန္ဒိယအား ၎င်း၏နယ် မြေထဲသို့ ကျူးကျော်ဝင် ရောက်ရန်ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ တရုတ်ကအိန္ဒိယကို ဆွေးနွေး မှုမစခင် အရင်ဆုတ်ခွာပေးရမည်ဟု အမြဲတောင်းဆိုခဲ့သည်။ အိန္ဒိယက နှစ်ဖက်တပ်များ အတူဆုတ်ခွာ ပေးရမည်ဟုဆိုသည်။ ဤနယ်မြေမှာ အိန္ဒိယအရှေ့ ပိုင်းပြည်နယ်များနှင့်နိုင်ငံအဝန်း ဆက်သွယ်ရန်အတွက် အလွန်အရေး ပါသောနေရာဖြစ်သည်။ တရုတ်-အိန္ဒိယပဋိပက္ခမှာ ကြာပြီဖြစ်ရာ ၁၉၆၂ ခုနှစ်တွင် အိန္ဒိယ၏နယ်စပ်ပြည်နယ် အရူနာ ချီးလ်၌စစ်ပွဲဖြစ်ပွားခဲ့ရသည်။

 

Ref:AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191