Main menu
HOT NEWS
adv
ပြင်းထန်သော နေပေါက်ကွဲမှုကို နာဆာ NASA  က ဓာတ်ပုံ ရိုက်ကူးခဲ့

ပြင်းထန်သော နေပေါက်ကွဲမှုကို နာဆာ NASA က ဓာတ်ပုံ ရိုက်ကူးခဲ့

ဝါရှင်တန်၊ စက်တင်ဘာ ၇

ပြင်းထန်သောနေပေါက်ကွဲမှုနှစ်ခုမှာ စက်တင်ဘာ ၆ ရက်က ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒုတိယပေါက်ကွဲမှုမှာ ၂ဝဝ၈ ခုနှစ်မှစ၍ နေစက်ဝန်းအတွင်း အပြင်းထန်ဆုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နာဆာကပြောခဲ့ကြောင်း AFP သတင်းကစက်တင်ဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။ မီးတောက်ရောင်ခြည်ဖြာထွက်မှုမှာ ဆက်သွယ်ရေးဂြိုဟ်တုများကိုပင် အနှောင့်အယှက်ဖြစ်သွားခဲ့ကြောင်း၊ GPS နှင့် စွမ်းအင် ဖြာထွက်မှုမှာ ကမ္ဘာမြေပြင်၏ ပထမအလွှာသို့ပင်ရောက်ရှိခဲ့ကြောင်း၊ ဤနေရာတွင် အမေရိကန်အာကာ သအေဂျင်စီ၏ နေစွမ်းအင်လေ့လာ ရေးဌာနကဖမ်းယူရရှိခဲ့သည်ဟု ဆိုသည်။


အာကာသရာသီဥတုခန့်မှန်း ရေးစင်တာ (SWPC) ၏အလိုအရ ဤအဖြစ်အပျက်ကို အမျိုးအစား X  ပေါက်ကွဲမှုဟုခေါ်ပြီး ကြိမ်နှုန်းမြင့်ရေဒီယိုဆက်သွယ်ရေးကို ပင် တစ်နာရီအတွင်း ကမ္ဘာနှင့်နေ မျက်နှာချင်းဆိုင်ဘက်ကခံစားရ ပြီး အခြားတစ်ဘက်က ဖရီကွင်စီ အားနည်းမှုကိုခံစားရသည်ဟု ဆိုသည်။ ဤနေပေါက်ကွဲမှုမှာ စက်တင်ဘာ ၆ ရက်တွင်ဖြစ်ပေါ်ခဲ့ ကြောင်း နေ၏လှုပ်ရှားမှုဖြစ်နေ သောနေရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း၊ ယခုအခါ နေ၏လှုပ်ရှားမှုမှာ သိသိသာသာကျဆင်းသွားခဲ့ ကြောင်း နာဆာကပြောကြားခဲ့သည်။


နေစက်ဝန်းပေါက်ကွဲမှုမှာ ၁၁ နှစ်လျှင် တစ်ကြိမ်ဖြစ်ပေါ်တတ်သည်။ ပေါက်ကွဲမှုမှာ တဖြည်း ဖြည်းကြီးထွားတတ်သည်။ ယခု အထိ ပေါက်ကွဲသည့်နေရာတွင် စွမ်းအားကြီးမားနေဆဲဟုဆိုသည်။ နေပေါက်ကွဲမှုမှာ တစ်နေရာတည်း၌ သံလိုက်စွမ်းအားဖြစ်ပေါ်၍ ပေါ်ပေါက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ပေါက်ကွဲမှုကြောင့်ထွက်လာ သောအစအနများမှာ နေစက်ဝန်း အပြင်ဘက် ကီလိုမီတာထောင် ပေါင်းများစွာသို့ရောက်ရှိတတ်သည် ဟု နာဆာကဆိုသည်။ 

 

Ref;AFP

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191