Main menu
HOT NEWS
adv
မက္ကဆီကိုတွင် ၈ ဒသမ ၂ မဂ္ဂနီကျု အဆင့်ရှိ ငလျင်လှုပ်၊ ၁၅ ဦး သေဆုံး

မက္ကဆီကိုတွင် ၈ ဒသမ ၂ မဂ္ဂနီကျု အဆင့်ရှိ ငလျင်လှုပ်၊ ၁၅ ဦး သေဆုံး

မက္ကဆီကိုစီးတီး/တိုကျို၊ စက်တင်ဘာ ၈

မက္ကဆီကိုနိုင်ငံတွင် စက်တင်ဘာ ၇ ရက် ညပိုင်း၌ ၈ ဒသမ ၂ မဂ္ဂနီကျု ငလျင်လှုပ်ခတ်ခဲ့ပြီး ဂျပန်နိုင်ငံတွင်လည်း စက်တင်ဘာ ၈ ရက်၌ ၆ ဒသမ ၁ မဂ္ဂနီကျု ငလျင်လှုပ်ခတ်ခဲ့သည်။ မက္ကဆီကိုနိုင်ငံတောင်ဖျားပိုင်း Chiapas  ပြည်နယ်၊ Tres Picos  မြို့၏ အနောက်တောင်ဘက် ၇၅ မိုင်ခန့်အကွာ ပစိဖိတ်သမုဒ္ဒရာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့သောငလျင် ကြောင့် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။ လူ ၁၅ ဦးထက် မနည်း သေဆုံးခဲ့ရသည်ဟု အာဏာပိုင်များက ဆိုသည်။


ထိုငလျင်သည် မြေအောက်အနက် ၂၁ မိုင်တွင် ဗဟိုပြုလှုပ် ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ဒဏ်ကို မြို့တော်မက္ကဆီကိုစီးတီးမှ ပြည်သူများပါ ခံစားသိရှိခဲ့ရသည်။ ငလျင် လှုပ်ခတ်ကြောင်း သတိပေးသော ဥသြသံများ ထွက်ပေါ်လာချိန်တွင် ဒေသခံများသည် အဆောက်အအုံများမှနေ၍ ကြောက်လန့်တကြား ပြေးထွက်ခဲ့ကြသည်။ အိမ်နီးချင်းဂွါတီမာလာနိုင်ငံတွင်လည်း ငလျင်လှုပ်မှုကို သိရှိခံစားခဲ့ရသည်။ ဆူနာမီသတိပေးချက်များကို မက္ကဆီကိုကမ်းရိုးတန်း တစ် လျှောက်တွင်သာမက ဂွါတီမာလာ၊ အယ်လ်ဆာဗေးဒိုး၊ ကော်စတာရီကာ၊ နီကာရာဂွါ၊ ပနားမား၊ ဟွန်ဒူးရပ်စ်၊ အီကွေဒေါ စသည့် ဗဟိုအမေရိကနိုင်ငံများတွင်ပါ ထုတ်ပြန်ခဲ့ရသည်။


ဂျပန်နိုင်ငံတွင်လှုပ်ခတ်ခဲ့ သော ၆ ဒသမ ၁ မဂ္ဂနီကျုငလျင်မှာ ဘော်နင်ကျွန်းကမ်းလွန်၌လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ရှီမိုဒါမြို့၏ တောင်ဘက် ကီလိုမီတာ ၇၇ဝ အကွာကိုဗဟိုပြုပြီး မြေအောက်အနက် ကီလိုမီတာ ၄၅ဝ တွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဆူနာမီသတိ ပေးချက်များ မထုတ်ပြန်ခဲ့ရပါ။ ဂျပန်နိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖိုများရှိသောကြောင့် ငလျင်လှုပ်ခတ်မည်ကို အထူးစိုးရိမ် ရသည်။ ၂ဝ၁၁ ခုနှစ်ကလှုပ်ခတ်ခဲ့သော ၉ မဂ္ဂနီကျုငလျင်၏နောက် ဆက်တွဲဆူနာမီလှိုင်းလုံးများ ကြောင့် ဓာတ်ပေါင်းဖိုများထိခိုက်ခဲ့ရာ ရေဒီယိုသတ္တြိ<ွကပစ္စည်းများ ယိုစိမ့်ခဲ့ရသည်။ 

 

Ref:AFP

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191