Main menu
HOT NEWS
adv
ဟာဗေးဟာရီကိန်း ဒုက္ခသည်များကို အမေရိကန် သမ္မတဟောင်း ငါးဦးတို့ စုပေါင်းထောက်ပံ့

ဟာဗေးဟာရီကိန်း ဒုက္ခသည်များကို အမေရိကန် သမ္မတဟောင်း ငါးဦးတို့ စုပေါင်းထောက်ပံ့

ဟူစတန်၊ စက်တင်ဘာ ၈

ဟာရီကိန်းမုန်တိုင်းဟာဗေး တိုက်ခိုက်မှုကြောင့် တက္ကဆက်မှ လူဝီစီယားနားပြည်နယ်အထိ စီးပွားရေးလုပ်ငန်းများ ဖျက်ဆီးခံရကာ အိမ်ခြေအဆောက်အအုံပေါင်း ထောင်နှင့်ချီကာ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် အမေရိကန်သမ္မတဟောင်းများဖြစ်ကြသော ဘားရတ်အိုဘားမား၊ ဂျော့(ခ်ျ)ဒဗလူဘု(ရှ်)၊ ဘီလ်ကလင်တန်၊ ဂျော့အိပ်(ခ်ျ)ဒဗလူဘု(ရှ်)နှင့် ဂျင်မီကာတာတို့ငါးဦး ပူးပေါင်းကမကထပြု၍ မုန်တိုင်းသင့် ဒုက္ခသည်များအား ကူညီရန်ရန်ပုံ ငွေထည့်ဝင်လှူဒါန်းခဲ့ကြသည်ဟု စက်တင်ဘာ ၈ ရက် သတင်းများ အရသိရှိသည်။


¤င်းတို့သည် စက်တင်ဘာ ၇ ရက်ကကျင်းပသော အမျိုးသားလိ(ဂ်) ဘောလုံးပြိုင်ပွဲသို့လည်းသွား ရောက်၍ အလှူငွေထည့်ဝင်လှူ ဒါန်းကြရန် စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။ အလှူငွေများအား ဟူစတန်ဟာဗေးမုန်တိုင်းသင့် ဒုက္ခသည်များကူညီရေး ရန်ပုံငွေသို့ ပူးပေါင်း လှူဒါန်း ထည့်ဝင်သွားမည်ဖြစ်သည်။ မုန်တိုင်းကြောင့် ပျက်စီးခဲ့ သောတက္ကဆက်ဒေသတွင် ပြန်လည်ထူထောင်ရေးအတွက် ဒေါ် လာ ၄၄သန်းလိုအပ်မည်ဖြစ်သည်။


ဟာဗေးဟာရီကိန်းမုန်တိုင်းသည် အနှစ် ၅ဝအတွင်းတက္ကဆက် ပြည်နယ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းဖြစ်သည်။ သြဂုတ် ၂၅ရက်က စတင်မုန်တိုင်းဝင်ရောက်ကာ တိုက်ခိုက်ရာလမ်းတစ်လျှောက် လူ ၆ဝကျော် သေဆုံးခဲ့ရသည်။ လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ခဲ့ရသည်။ အဆောက်အအုံအိုးအိမ်၂ဝ၃ဝဝဝ ခန့်နှင့် ဒေါ်လာ ၁၈ဝဘီလျံတန်ဖိုး ဆုံးရှုံးခဲ့ရသည်။ မုန်တိုင်းသင့်သူ များအတွက် အနုပညာရှင်များဖြစ် ကြသော ဘီယွန်စေး၊ စန်ဒရာဘူး လော့ခ်နှင့် ဘောလုံးအကျော်အမော် ဂျေဂျေဝပ်တို့က ရန်ပုံငွေများ ကူညီ ထောက်ပံ့ခဲ့ကြသည်။  

 

Reuters

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191