Main menu
HOT NEWS
adv
မက္ကဆီကိုတွင် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ဟာရီကိန်း Katia  ဆက်လက် ဝင်ရောက်မွှေနှောက်

မက္ကဆီကိုတွင် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ဟာရီကိန်း Katia ဆက်လက် ဝင်ရောက်မွှေနှောက်

မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၉

မက္ကဆီကိုတွင် ပြင်းအား ၈ ဒသမ ၁ မဂ္ဂနီကျုရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဟာရီကိန်း မုန်တိုင်း Katia  ဆက်တိုက်ဝင် ရောက်ခဲ့သဖြင့် အနည်းဆုံး ၆၁ ဦး သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ များပြားကြောင်း အာဏာပိုင်များက ပြောသည်။ ပြီးခဲ့သည့် တစ်ရက်ကျော်က မက္ကစီကိုတောင်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းဒေသတွင် ၈ ဒသမ ၁ မဂ္ဂနီကျုရှိသော ငလျင်လှုပ်ခတ်ခဲ့သ ဖြင့် အဆောက်အအုံရာပေါင်းများစွာ ပျက်စီးပြိုကျခဲ့ကြောင်း Juchitan  နှင့် Oaxaca  မြို့များတွင် ပျက်စီးဆုံးရှုံးပိုမိုများပြားကြောင်း၊ ငလျင် ကြောင့် သေဆုံးသူ ၃၆ ဦးရှိပြီး မြို့၏အဆောက်အအုံသုံးပုံတစ်ပုံမှာ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။


စက်တင်ဘာ ၇ ရက် ညပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်သည် ပစိဖိတ်သမုဒ္ဒရာ ရေအောက် ကြမ်းပြင်မှအနက် ၂၁ မိုင်တွင် ဗဟိုပြုလှုပ်ခဲ့ခြင်းဖြစ်သည်။ ''ကျွန်မတို့ပိုင်ဆိုင်မှုတွေ အားလုံး ပြိုလဲသွားတယ်။ ကျွန်မတို့ရဲ့ အိမ်တွေ၊ ကျွန်မတို့ရဲ့လူတွေ အကုန်လုံးပဲ''ဟု ငလျင်ဒဏ်ခံရသော ဒေသခံ Rosa Elba Ortiz Santiago  (၄၃) နှစ်က AP သတင်းကိုပြောသည်။ ထို့အပြင် ဟာရီကိန်း မုန်တိုင်း Katia သည် မက္ကဆီကို နိုင်ငံမြောက်ပိုင်း Veracruz  ပြည်နယ် Tecolutla  မြို့ကို စက်တင် ဘာ ၈ ရက်တွင် ဝင်ရောက်မွှေနှောက်ခဲ့ရာ အနည်းဆုံး ၃၂ ဦးသေဆုံးခဲ့ ပြီး နေအိမ်များ၊ သစ်ပင်များပြိုလဲခဲ့ရသည်။ မုန်တိုင်း Katia သည် တစ်နာရီကီလိုမီတာ၁၂ဝ နှုန်းဖြင့် တိုက်ခဲ့ပြီး မိုးသည်းထန်စွာရွာခဲ့ ကြောင်း အမေရိကန်မိုးလေဝသ ဌာနကပြောသည်။


မက္ကဆီကိုအစိုးရနှင့် ကယ်ဆယ် ရေးအဖွဲ့များက ငလျင်လှုပ်ခတ်ခဲ့ သောဒေသများနှင့် မုန်တိုင်းတိုက် ခတ်သောဒေသများကို ကူညီကယ်ဆယ်ရေးသမားများ စေလွှတ်ခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့ကြောင်း၊ နိုင်ငံတကာ၏ လူသားချင်းစာနာမှုအကူ အညီများလိုအပ်ကြောင်း မက္ကဆီကို သမ္မတ Enrique Pena Nieto က ပြောသည်။ အစိုးရအနေနှင့် ပျက်စီးသွားသော အဆောက်အအုံ များကို ပြန်လည်ကူညီတည်ဆောက် ပေးရန်လည်း သမ္မတက ကတိပြုခဲ့သည်။ အနည်းဆုံးပြည်နယ် ၁၁ ခုတွင် လုံခြုံရေးတိုးမြှင့်ထားပြီး စာသင်ကျောင်းများ ပိတ်ထားကြောင်း၊ ပြည်သူ ၁ ဒသမ ၈ သန်းကျော် အရေးပေါ်အကူအညီလိုအပ်နေ ကြောင်း မက္ကဆီကိုအရေးပေါ်စီမံ ခန့်ခွဲရေးဌာနကပြောသည်။

 

Ref;AP

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191