Main menu
HOT NEWS
adv
အမေရိကန် ကန်းထရီးအဆိုတော် ထရွိုင်ဂျင်ထရီ ရဟတ်ယာဉ် ပျက်ကျ သေဆုံး

အမေရိကန် ကန်းထရီးအဆိုတော် ထရွိုင်ဂျင်ထရီ ရဟတ်ယာဉ် ပျက်ကျ သေဆုံး

လမ်ဘာတန်(အမေရိကန်)၊ စက်တင်ဘာ ၉

အမေရိကန် ကန်းထရီးအဆို တော်ထရွိုင်ဂျင်ထရီသည် စက်တင်ဘာ ၈ ရက်မွန်းလွဲပိုင်းအချိန်က ၎င်းစီးနင်းလိုက်ပါလာသော ရဟတ်ယာဉ်ပျက်ကျခဲ့၍ သေဆုံးသွားခဲ့သည်ဟု ဂျင်ထရီဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၉ ရက်ကဖော်ပြလိုက်သည်။ ရဟတ်ယာဉ်သည် မက်ဒ်ဖို့မြို့ ဒဗလျူလေဆိပ်သို့ဆင်းရန် ချဉ်းကပ်လာစဉ် မြို့အနီးတော အုပ်အတွင်း ပျက်ကျသွားခဲ့ရခြင်း ဖြစ်သည်။ ရဟတ်ယာဉ်မှူးပါသေဆုံးသွားခဲ့ရပြီး ရဟတ်ယာဉ်ပျက် ကျရခြင်းအကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲဖြစ်သည်ဟု ဘာလင်တန်စီရင်စုရှေ့နေရုံးမှ ပြောရေးဆို ခွင့်ရှိသူ ဂျိုးလ်ဗျူလီက ထုတ်ဖော် ပြောဆိုလိုက်သည်။


အသက် (၅ဝ) အရွယ်ရှိ ကင်တပ်ကီဇာတိ အဆိုတော်ထရွိုင်ဂျင်ထရီသည် မက်ဒ်ဖို့မြို့၌ ဖျော် ဖြေပွဲတစ်ခုသို့ သီချင်းဆိုရန်သွား ရောက်ခြင်းဖြစ်သည်။ ရဟတ်ယာဉ်ပျက်ကျရာသို့ ကယ်ဆယ်ရေးအဖွဲ့များ သွား ရောက်နေကြပြီဖြစ်သည်။ အမျိုးသား သယ်ယူပို့ဆောင်ရေးအန္တ ရာယ်ကင်းစေရေးဘုတ်အဖွဲ့လည်း အခင်းဖြစ်နေရာသို့ သွားရောက် နေပြီဖြစ်သည်။ ဂျင်ထရီသည် ၂ဝဝဝ ပြည့်နှစ်များအတွင်းက အထူးအောင်မြင် ကျော်ကြားခဲ့သော အဆိုတော်တစ်ဦးဖြစ်ခဲ့သည်။ ကန်းထရီးနှင့်တောင် ပိုင်းရော့(ခ်)တေးသွားများတွင် နာမည်ထင်ရှားသောအဆိုတော်တစ်ဦးဖြစ်သည်။

 

Ref;AP

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191