Main menu
HOT NEWS
adv
နျူကလီးယား သိပ္ပံပညာရှင်များကို အခမ်းအနားဖြင့် ကင်ဂျုံအန် ဂုဏ်ပြု

နျူကလီးယား သိပ္ပံပညာရှင်များကို အခမ်းအနားဖြင့် ကင်ဂျုံအန် ဂုဏ်ပြု

ဆိုးလ်၊ စက်တင်ဘာ ၁ဝ

ဆဋ္ဌမမြောက်နှင့်အားအပြင်း ဆုံးနျူကလီးယားစမ်းသပ်မှုပြုလုပ် နိုင်ခဲ့သောသိပ္ပံပညာရှင်များနှင့် နည်းပညာရှင်များကိုခေါင်းဆောင် ကြီးကင်ဂျုံအန်က အခမ်းအနား ဖြင့်ကြီးကြီးကျယ်ကျယ်ဂုဏ်ပြုခဲ့ ကြောင်းမြောက်ကိုရီးယားအစိုးရက စက်တင်ဘာ ၁ဝ ရက်တွင်သတင်း ထုတ်ပြန်သည်။  အစိုးရပိုင် KCNA  သတင်းဌာနက ထုတ်ပြန်သောဓာတ်ပုံတွင် အဓိကသိပ္ပံပညာရှင်နှစ်ဦးဖြစ်သော ရီဟောင်စွပ်နှင့်ဟောင်ဆွန်မူတို့နှင့်အတူအားရပါးရပြုံးနေသောကင်ဂျုံအန်ကိုတွေ့ရသည်။ ရီဟောင်စွပ်သည် နျူကလီးယားလက်နက် အင်စတီကျူ၏အကြီးအကဲဖြစ်ပြီး ဟောင်ဆွန်မူသည်လက်နက်ခဲယမ်း စက်မှုဌာန၏လက်ထောက်ညွှန်ကြား ရေးမှူးဖြစ်သည်။ ၎င်းတို့နှစ်ဦးကို ကုလသမဂ္ဂ၊ အမေရိကန်နှင့် တောင်ကိုရီးယားတို့က အမည်ပျက်စာရင်း၌ တည့်သွင်းထားသည်။


ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပသည့်ရက်ကိုမူ KCNA ကဖော် ပြခြင်းမရှိပါ။ သို့သော်နိုင်ငံတည် ထောင်မှု (၆၉) နှစ်ပြည့်နေ့ဖြစ် သော စက်တင်ဘာလ ၉ ရက်ဟုယူဆရသည်။ ထိုကဲ့သို့အခါကြီး ရက်ကြီးတွင်မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်များစမ်းသပ်ပစ် ခတ်လေ့ရှိသည်။ သို့သော် ထိုနေ့က မည်သည့် စမ်းသပ်မှုကိုမျှမပြုလုပ်ခဲ့ပါ။ နိုင်ငံတည်ထောင်မှု နှစ်ပတ်လည်နေ့တွင်နိုင်ငံတစ်ဝန်း၌ ပျော်ပွဲရွှင်ပွဲများ၊ ကပွဲများကျင်းပခဲ့သည်။ နိုင်ငံတည်ထောင်သူ ကင်အီဆွန်း၊ သားဖြစ်သူ ကင်ဂျုံအီတို့၏ မပုပ်သိုးအောင်ပြုပြင်စီရင်ထားသော ရုပ်လောင်းများရှိရာ ကမ်ဆူအန်နေ နန်းတော်ကို အစိုးရထိပ်တန်း တာဝန်ရှိသူများနှင့် ပြည်သူများ သွားရောက်ဂုဏ်ပြုခဲ့ကြသည်ဟု KCNA သတင်းကဆိုသည်။


မြောက်ကိုရီးယားသည် ယခင် သီတင်းပတ်က ဆဋ္ဌမမြောက် နျူ ကလီးယားဗုံးစမ်းသပ်ဖောက်ခွဲခဲ့ သည်။ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ထိပ်ဖူးအဖြစ်တပ်ဆင်အသုံးပြုနိုင် သော ဟိုက်ဒရိုဂျင်ဗုံးဖြစ်သည်ဟု မြောက်ကိုရီးယားက ဆိုသည်။ သို့ သော် အမေရိကန်နှင့်တောင်ကိုရီး ယားတို့သည် ဟိုက်ဒရိုဂျင်ဗုံး ဟုတ် မဟုတ် အတည်မပြုကြသေးပါ။ အမေရိကန်သည် မြောက်ကိုရီးယား အပေါ်အပြင်းထန်ဆုံးဆန်ရှင်များ ချမှတ်ရန်လုံခြုံရေးကောင်စီတွင်ကြိုး ပမ်းလျက်ရှိသည်။ 

 

Ref;Reuters

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191