Main menu
HOT NEWS
adv
လိင်တူချင်း လက်ထပ်ခွင့် ရရန် သြစတြေးလျပြည်သူ နှစ်သောင်းကျော် တောင်းဆို ဆန္ဒပြ

လိင်တူချင်း လက်ထပ်ခွင့် ရရန် သြစတြေးလျပြည်သူ နှစ်သောင်းကျော် တောင်းဆို ဆန္ဒပြ

ဆစ်ဒနီ၊ စက်တင်ဘာ ၁ဝ

သြစတြေးလျပြည်သူ နှစ် သောင်းကျော်သည် လိင်တူချင်း လက်ထပ်မှုကို ဥပဒေကြောင်းအရ တရားဝင်ခွင့်ပြုပေးရန် စက်တင်ဘာ ၁ဝ ရက်တွင် ဆစ်ဒနီမြို့၌ တောင်းဆိုဆန္ဒပြခဲ့သည်။ ထိုသို့ ခွင့်ပြုသင့်၊ မသင့် စာတိုက်မှတစ်ဆင့် စစ်တမ်းမကောက်ယူမီ ရက်ပိုင်းအလိုတွင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။  အဆိုပါဆန္ဒပြပွဲသည် သြစ တြေးလျတွင် လူဦးရေအများဆုံးပါဝင်သည့် လိင်တူချစ်သူအခွင့် အရေးတောင်းဆိုမှုဖြစ်ကြောင်း ပွဲစီစဉ်သူများကပြောသည်။ အလွှာအသီးသီးမှ ဆန္ဒပြသူများသည် လိင်တူချစ်သူများ၏ သင်္ကေတ သက်တံရောင် ဝတ်စုံများဝတ်ဆင်ခဲ့ကြသည်။


ဆန္ဒပြသူအရေအတွက် များ ပြားသည့်အတွက် နှစ်ထောင်းအား ရဖြစ်မိကြောင်း၊ ယနေ့ပြသနိုင်ခဲ့ သော စုစည်းညီညွတ်မှုအင်အား ကြောင့် မကြာမီလပိုင်းအတွင်း လိင်တူချင်းလက်ထပ်မှုတရားဝင်ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ဦးဆောင်ဆန္ဒပြသူတစ်ဦးဖြစ်သည့် Cat Rose ကပြောသည်။ ဝန်ကြီးချုပ်မယ်လ်ကွမ်တန်ဘူးလ်၏အစိုးရသည် လိင်တူချင်း လက်ထပ်မှုကို တရားဝင်ခွင့်ပြုသင့်၊ မသင့်စာတိုက်မှတစ်ဆင့် စစ်တမ်း ကောက်ရန် စီစဉ်နေသည်။ သို့ သော် စစ်တမ်းရလဒ်အတိုင်းလိုက် နာလုပ်ဆောင်မည်ဟု အာမခံချက် ပေးမထားပါ။ သို့သော် စစ်တမ်းတွင် ထောက်ခံသောဘက်က အနိုင်ရပါက လိင်တူချင်းလက်ထပ်မှု တရားဝင်ဖြစ်လာနိုင်ချေ ပိုမိုအား ကောင်းလာမည်ဖြစ်သည်။


စာတိုက်မှတစ်ဆင့် မဲပေးမှုများကို စက်တင်ဘာ ၁၂ ရက်တွင် စတင်မည်ဖြစ်သည်။ ရလဒ်မှာမူ နိုဝင်ဘာလထဲတွင် ထုတ်ပြန်နိုင်ဖွယ်ရှိသည်။ ဝန်ကြီးချုပ် မယ်လ် ကွမ်တန်ဘူးလ်ကလည်း လက်ထပ်မှုအခွင့်အရေးဆိုသည်မှာ လူတိုင်းရပိုင်ခွင့်ရှိကြောင်း၊ လိင်တူချင်းလက်ထပ်မှုကို ထောက်ခံမဲပေးမည်ဖြစ် ကြောင်း ပြောဆိုထားသည်။ ဝန်ကြီးချုပ်ဟောင်း ဂျွန် ဟောင်းဝပ်ကမူ လိင်တူချင်းလက် ထပ်သူများတွင် ကလေးမရှိသင့် ကြောင်း၊ ကလေးများတွင် မိခင်နှင့် ဖခင်နှစ်ပါးစုံရှိသင့်ကြောင်း ထောက်ပြပြောဆိုထားသည်။ သြ စတြေးလျသည် အင်္ဂလိပ်စကား ပြောဖွံ့ဖြိုးပြီးနိုင်ငံများထဲတွင် လိင်တူချင်းလက်ထပ်ခွင့်မရသေးသည့် နောက်ဆုံးနိုင်ငံဖြစ်သည်။


Ref;Reuter

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191