Main menu
HOT NEWS
adv
ဟာရီကိန်း ဂျို့စ် စိန့်မာတင် ကျွန်းများသို့ ဝင်နိုင်ဖွယ်ရှိ

ဟာရီကိန်း ဂျို့စ် စိန့်မာတင် ကျွန်းများသို့ ဝင်နိုင်ဖွယ်ရှိ

ပဲရစ်၊ စက်တင်ဘာ ၁ဝ

ကာရစ်ဘီယံပင်လယ်တွင်း ကျွန်းများဖြစ်သော စိန့်မာတင်ကျွန်း၊ စိန့်ဘတ်ကျွန်းများတွင် သုံးရက်အကြာက တိုက်ခတ်သွား သော အာမာဟာရီကိန်းတိုက်ခတ်ခဲ့ရာ မုန်တိုင်းလမ်းကြောင်းအတိုင်း ဟာရီကိန်းမုန်တိုင်းဂျို့စ်တိုက် ခတ်နိုင်ကြောင်း ပြင်သစ်မိုးလေဝသဌာနက စက်တင်ဘာ ၁ဝ ရက်တွင် သတင်းထုတ် ပြန်ထားသည်။ ယင်းကျွန်းများမှ ကီလိုမီတာ ၁ဝဝ (မိုင် ၆ဝ) ခန့်အကွာတွင် အဆင့်လေးအ ဖြစ် အားပျိုးတိုက်ခတ်နေပြီဖြစ်သည်။


ဂျို့စ်မုန်တိုင်းကြောင့် မိုးရေချိန် မီလီမီတာ ၁ဝဝ (လေးလက်မ) ခန့်ရွာသွန်းနိုင်ကာ ပင်လယ်တွင်း လှိုင်းလုံးများအမြင့်သည် ၆ မီတာ မှ ၈ မီတာ (၁၉ ပေ မှ ၂၆ ပေ) အထိရှိလာနိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီကီလိုမီတာ ၁၂ဝ (၇၅ မိုင်) နှုန်း တိုက်ခတ်လာနိုင်သည်ဟု မိုးလေဝသဌာနက သတိပေးကြေ ညာချက်ထုတ်ပြန်ထားသည်။ စိန့်မာတင်ကျွန်းကို ပြင်သစ်နှင့် နယ်သာလန်နှစ်နိုင်ငံက ပိုင်ဆိုင်ပြီး စိန့်ဘတ်ကျွန်းသည် ပြင်သစ်ပိုင် ကျွန်း ဖြစ်သည်။


လွန်ခဲ့သောသုံးရက်က တိုက်ခတ်ခဲ့သော အာမာဟာရီကိန်း ကြောင့် ယခုကျွန်းနှစ်ကျွန်းတွင် လူ ၁၂ ဦးသေဆုံးခဲ့ကာ အိမ်ခြေ အဆောက်အအုံ ထောင်ပေါင်း များစွာပျက်စီးဆုံးရှုံးခဲ့ရသည်။ ယူရို ၁ ဒသမ ၂ ဘီလီယံတန်ဖိုး ဆုံးရှုံးခဲ့ရသည်။ အာမာမုန်တိုင်း တိုက်ခတ်အပြီး ယခုဂျို့စ်မုန် တိုင်းတိုက်ခတ်လာနိုင်ရာ ပြင်သစ် သမ္မတမက်ခရွန်၊ ဝန်ကြီးချုပ် အက်ဒွပ်ဖိလစ်၊ ကာကွယ်ရေးဝန်ကြီး ဖလော့ရင့်စ်ပါလီနှင့် ပြည်ထဲရေး ဝန်ကြီး ဂျာရတ်ကိုလားတို့သည် အရေးပေါ်အစည်းအဝေးများထိုင် ၍ မုန်တိုင်းကယ်ဆယ်ရေးစီမံချက် များ ရေးဆွဲခဲ့ကြသည်။  ကယ်ဆယ်ရေးလုပ်သား ၄၁ဝ နှင့် ရဲသား ၈ဝ တို့အား မုန်တိုင်း တပ်သားများအဖြစ် ဖြန့်ကြက်ချ ထားပြီး နောက်ထပ်လုပ်သား ၁၅ဝ ကိုလည်း မုန်တိုင်းကယ်ဆယ်ရေး အတွက် အသင့်ပြင်ဆင်တာဝန်ချ ထားပြီး ဖြစ်သည်။ 

 

Ref;AFP

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191