Main menu
HOT NEWS
adv
အမေရိကန်ကို ဝင်ရောက်သည့် ဟာရီကိန်း ဟာဗေး မုန်တိုင်းနှင့် အာမာ မုန်တိုင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးဒေါ်လာ ၂၉ဝ ဘီလီယံဖိုးရှိ ဟုဆို

အမေရိကန်ကို ဝင်ရောက်သည့် ဟာရီကိန်း ဟာဗေး မုန်တိုင်းနှင့် အာမာ မုန်တိုင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးဒေါ်လာ ၂၉ဝ ဘီလီယံဖိုးရှိ ဟုဆို

ဝါရှင်တန်၊ စက်တင်ဘာ ၁၁

ဟာရီကိန်းဟာဗေးနှင့်အာမာတို့ကြောင့် ထိခိုက်ပျက်စီးဆုံး ရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာဘီလီယံ ၂၉ဝ ဖိုးရှိကြောင်း၊ အမေရိကန်ပြည်ထောင်စု၏အသား တင်ထုတ်လုပ်မှု၏ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း အမေရိကန်ခန့်မှန်းရေးအသင်း Accu Weather က ယင်း၏ကြေညာချက်၌ဖော်ပြခဲ့ ကြောင်း AFP  သတင်းက စက်တင်ဘာ ၁၁ တွင်ရေးသားလိုက်သည်။ မိမိတို့ခန့်မှန်းချက်အရ ဟာရီကိန်းအာမာကြောင့်ဆုံးရှုံးမှုဒေါ် လာဘီလီယံ ၁ဝဝ ခန့်ရှိပြီး၊ ဟာရီကိန်းမုန်တိုင်းများတွင် အပျက်အစီးဆုံးရှုံးမှုအများဆုံးဖြစ်ကြောင်း ရာသီဥတုခန့်မှန်းရေးလုပ်ငန်းမှ CEO နှင့်တည်ထောင်သူဂျိုးမိုင် ယာကပြောခဲ့သည်။


ဟာရီကိန်းဟာဗေးမှာ သြဂုတ်လကတက္ကဆက်နှင့်လူဝီစီယားနားပြည်နယ်များကိုတိုက်ခတ်ခဲ့ရာ အမေရိကန်သမိုင်းတွင် တန်ဖိုးအများဆုံးပျက်စီးခဲ့ပြီး ဒေါ်လာဘီလီယံ ၁၉ဝ ခန့်တန်ဖိုးရှိကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ ဂျီဒီ ပီ၏ ၁ ရာခိုင်နှုန်းရှိကြောင်း၊ ဂျီဒီပီမှာ ၁၉ ထရီလီယံတန်ဖိုးရှိသည်။ တန်ဖိုးတွက်ချက်ရာတွင် စီးပွားရေးလုပ်ငန်းများပျက်စီးမှု၊ အလုပ်လက်မဲ့နှုန်းတိုးပွားလာမှု၊ သယ်ယူပို့ဆောင်ရေးနှင့်အခြေခံ အဆောက်အအုံများပျက်စီးဆုံးရှုံးမှု၊ သီးနှံများဆုံးရှုံးမှုနှင့်လိမ္မော် သီးစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်းပျက် စီးခြင်း၊ စွမ်းအင်အတွက်ကုန်ကျစရိတ်တိုးပွားလာခြင်း၊ အပူပေးရန်ဆီနှင့်ဂျက်လောင်စာများ၊ နေအိမ်များပျက်စီးဆုံးရှုံးမှုတို့အပြင် ဟင်းသီးဟင်းရွက်စိုက်ကွင်းများ ပျက်စီးဆုံးရှုံးမှုများလည်းတွက်ချက်ရာတွင်ပါဝင်သည်ဟုဆိုသည်။


ဤဆုံးရှုံးမှုမှအနည်းငယ်ကိုသာအာမခံကုမ္ပဏီမှလျှော်ပေးရ လိမ့်မည်ဟုဆိုသည်။ ဖလော်ရီဒါကျွန်းဆွယ်သို့ အာမာမုန်တိုင်းမှာ စက်တင်ဘာ ၁ဝ ရက်က စတင်ဝင်ရောက်ခဲ့ပြီး။ ယခုအခါမြောက်ဘက်ကိုဦးတည် တိုက်ခတ်လျက်ရှိသည်။ ဖလော်ရီဒါကျွန်းဆွယ်အနောက်ပိုင်းကမ်း ခြေတမ်ပါမြို့ကိုတိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ ဟာဗေးမုန်တိုင်းမှာ တက္ကဆက်ပြည်နယ်ကို သြဂုတ်နောက်ဆုံးတွင်ဝင်ရောက်ခဲ့ပြီး ပစ္စည်းများစွာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။ အမေရိကန်၏စတုတ္ထအကြီးဆုံးဟူစတန်မြို့မှာလည်း ရေလွှမ်းမိုးမှုဒဏ် ကိုခံခဲ့ရသည်။

Ref:AFP

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191