Main menu
HOT NEWS
adv
ပြင်သစ်သမ္မတ မက်ခရွန်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အလုပ်သမားများ ဆန္ဒပြ

ပြင်သစ်သမ္မတ မက်ခရွန်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အလုပ်သမားများ ဆန္ဒပြ

ပဲရစ်၊ စက်တင်ဘာ ၁၂ ၊ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်၏ စီးပွားရေးပြုပြင်လဲမှု တွင်ပါဝင်သော အလုပ်သမားအခွင့် အရေးကို ထိခိုက်စေသဖြင့် စက် တင်ဘာ ၁၂ ရက်တွင် ပြင်သစ် နိုင်ငံအနှံ့၌ အလုပ်သမားများ ဆန္ဒ ပြခဲ့ကြသည်။

အစိုးရအနေနှင့် အလုပ်ရှင်များက အလုပ်သမားငှားရမ်းခြင်း နှင့်အလုပ်ထုတ်ခြင်းကို ဝင်ရောက်စွက်ဖက်ခြင်းလျှော့ချပေးရန် စီစဉ်ခဲ့သဖြင့် အလုပ်လက်မဲ့နှုန်းမြင့်မားလာနိုင်၍ ဆန္ဒပြသူ ၄ဝဝဝ ကျော်က ပြင်သစ်မြို့ကြီးများတွင် လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့သည်။ ပြင်သစ်အလုပ်သမားယူနီယံ CGT၊ မီးရထားအလုပ်သမားများ၊ ကျောင်းသားနှင့် ပြည်သူ့ဝန်ထမ်း များပါဝင်ဆန္ဒထုတ်ဖော်ရန် အလုပ် သမားအဖွဲ့အစည်းက စည်းရုံးလှုံ့ ဆော်ခဲ့သည်။ ပြီးခဲ့သည့်သီတင်း ပတ်က ပြင်သစ်စီးပွားရေးဦးမော့ လာစေရန်နှင့် အလုပ်လက်မဲ့လျော့ ကျစေရန် စီးပွားရေးပြုပြင်ပြောင်း လဲမှုစီမံကိန်းအကောင်အထည် ဖော်ရန် CGT ၏တောင်းဆိုချက် ကို ဆန့်ကျင်ခဲ့သည်။

ပြင်သစ်အလုပ်သမားအခွင့် အရေးကို အကာအကွယ်မပေး သော အလုပ်သမားဥပေဒပြင်ဆင် ရေးဆွဲခြင်းသည် မီးတောက်ထဲ လောင်စာထပ်ထည့်လိုက်ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ  Bruno Cautres က ပြော သည်။

အသက်(၃၉)နှစ်အရွယ် အလယ်အလတ်ဝါဒီ Macron သည် မေလရွေးကောက်ပွဲတွင် သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရပြီး ပြင်သစ်စီးပွားရေး ပြန်လည်နိုးထလာ စေရန် စီးပွားရေးပြုပြင်ပြောင်းလဲ ရေးဆောင်ရွက်ခဲ့သည်။ သို့သော် ၄င်း၏အစီအစဉ်မှာ ပြင်သစ်အလုပ် သမားများထက် အလုပ်ရှင်များကို လုပ်ပိုင်ခွင့်ပိုမိုပေးထားခြင်းကြောင့် အလုပ်သမားများနှင့် အခြေခံလူ တန်းစားများက မကျေနပ်သဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ပြင်သစ် အလုပ်သမားယူနီယံ CGT ကဦး ဆောင်၍ စက်တင်ဘာ ၁၂ ရက် နှင့် စက်တင်ဘာ ၂၁ ရက်တို့တွင် လူထုဆန္ဒပြပွဲပြုလုပ်၍ဆန့်ကျင် သွားမည်ဟု လက်ဝဲအစွန်းရောက် ဥပဒေပြုအမတ် Jean-luc Melenchon က ပြောသည်။

နောက်ဆုံးကောက်ယူသော စစ်တမ်းအရ ပြင်သစ်သမ္မတ မက် ခရွန်ကို လူကြိုက်များမှု ၄ဝ ရာ ခိုင်နှုန်းသာရှိတော့ကြောင်း သိရ သည်။       

Ref: AFP

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191