Main menu
HOT NEWS
adv
ထရန့်၏ ရွှေ့ပြောင်းဒုက္ခသည် တားဆီးမှုကို နိုင်ငံတော် တရားရုံးချုပ်က ယာယီခွင့်ပြု

ထရန့်၏ ရွှေ့ပြောင်းဒုက္ခသည် တားဆီးမှုကို နိုင်ငံတော် တရားရုံးချုပ်က ယာယီခွင့်ပြု

ဝါရှင်တန်၊ စက်တင်ဘာ ၁၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့က အမေရိကန်သို့ ဒုက္ခသည်အဖြစ် ခိုလှုံရန်ရောက် ရှိလာမည့် ဒုက္ခသည်များ ဝင်ရောက် ခွင့် တားဆီးသည့်အမိန့်ကို နိုင်ငံ တော်တရားရုံးချုပ်က စက်တင်ဘာ ၁၂ ရက်တွင် ယာယီခွင့်ပြုလိုက် ကြောင်း စက်တင်ဘာ ၁၃ ရက် သတင်းများအရသိရသည်။ ယင်းအမိန့်သည် ပြည်ထောင်စု တရားရုံးအားလုံးအပေါ် သက် ရောက်စေရမည်ဖြစ်ကြောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တား မြစ်ထားသော မူဆလင်ခြောက်နိုင်ငံမှ ခရီးသွားများ အမေရိကန်တွင် မိဘ၊ ဘိုးဘွား၊ ဆွေမျိုးရှိလျှင် ဝင် ရောက်ခွင့်ပြုရန် ပြည်နယ်တရားရုံး၌ အယူခံဝင်နိုင်ကြောင်း တရားရုံးချုပ်က ပြောသည်။


ပြီးခဲ့သည့် သီတင်းပတ်က ဆန်ဖရန်စစ္စကိုတရားရုံးက ထရန့်၏ ဒုက္ခသည်များ ဝင်ရောက်ခွင့် တား မြစ်ပိတ်ပင်ခြင်းကို ဖယ်ရှားပေးရန် အယူခံဝင်ခဲ့ပြီး အစိုးရနှင့် ဒုက္ခသည် များ နေရာချထားရေး အေးဂျင့်များ သဘောတူညီမှု ပြုလုပ်ပြီး ဒုက္ခသည်များကို စိစစ်ရန်၊ ဝင်ရောက်ခွင့်ပြုရန် အယူခံဝင်ခဲ့သည်။ အမေရိကန် တရားရုံးချုပ်က ထရန့်၏ ဒုက္ခသည်များ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းကို ယာယီခွင့်ပြုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း အကျိုးအ ကြောင်းကို ရှင်းလင်းပြောကြားခဲ့ ခြင်း မရှိချေ။ တရားရုံးချုပ်က ယာယီပိတ်ပင်လိုက်ခြင်းကြောင့် ဒုက္ခသည်အဖြစ် ဝင်ရောက်ခိုလှုံရန် ဖက်ဒရယ်တရားရုံးများ၌ လျှောက်ထား သူ ၂၄ဝဝဝ ခန့်ကို ဝင်ရောက်ခွင့် ပြုရန် မဖြစ်နိုင်တော့ကြောင်း၊ သို့ သော်လည်းအမေရိကန်သို့ ဝင်ရောက် ခွင့်ပိတ်ပင်ထားသော အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီး ယားနှင့် ယီမင်တို့မှ ခရီးသွားများကို အမေရိကန်၌ ဆွေမျိုးသားချင်းရှိလျှင် ခရီးသွားခွင့်ပိတ်ပင်ခြင်းကို ပယ်ဖျက်ပေးရန် တရားရုံးချုပ်က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လက ထရန့်၏ အစိုးရအဖွဲ့သည် မူဆလင် ခြောက်နိုင်ငံမှ ခရီးသွားများ ဝင် ရောက်ခွင့် ယာယီပိတ်ပင်ခြင်းကို တရားရုံးချုပ်မှ တစ်စိတ်တစ်ပိုင်း သဘောတူညီခဲ့သည်။


အမေရိကန်သမ္မတထရန့်က မူဆလင်ခြောက်နိုင်ငံမှ ခရီးသွားများ ရက်ပေါင်း ၉ဝ ဝင်ရောက်ခွင့် ပိတ်ပင်ရန်နှင့် ဒုက္ခသည်များကို ရက် ပေါင်း ၁၂ဝ အထိ ဝင်ရောက်ခွင့် လုံးဝမပြုရန် သမ္မတလုပ်ပိုင်ခွင့်ဖြင့် ဆောင်ရွက်ခဲ့သည်။ ထရန့်၏ ခရီးသွားခွင့်ပိတ်ပင်ခြင်းကို အောက်တိုဘာ ၁ဝ ရက်တွင် တရားရုံးချုပ်၌ ကြားနာစစ်ဆေးမည်ဟု သိရသည်။

 

Ref: Xinhua

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191