Main menu
HOT NEWS
adv
ဖိလစ်ပိုင်၌ မုန်တိုင်း Talim  ကြောင့် မိုးသည်းထန်စွာ ရွာသွန်း တောင်ပြို၊ လေးဦးသေ၊ ခြောက်ဦး ပျောက်ဆုံးနေ

ဖိလစ်ပိုင်၌ မုန်တိုင်း Talim ကြောင့် မိုးသည်းထန်စွာ ရွာသွန်း တောင်ပြို၊ လေးဦးသေ၊ ခြောက်ဦး ပျောက်ဆုံးနေ

မနီလာ၊ စက်တင်ဘာ ၁၃

အပူပိုင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှုကြောင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေကာ ရေလွှမ်းမိုးခြင်း၊ တောင်ပြိုခြင်းများကြောင့် အနည်းဆုံး လူလေးဦးသေဆုံးခဲ့ရသည်ဟု စက်တင်ဘာ ၁၃ ရက် သတင်းများအရသိရသည်။ အိမ်များ ရေထဲမျောပါကာ Laguna  ပြည်နယ်တွင် ဒေသခံ ခြောက်ဦး ပျောက်ဆုံးနေပြီး ဒေသတွင်း နေရာအတော်များများတွင် ရေလွှမ်းမိုးခြင်း ခံနေရသည်။ အစိုးရရုံးများ၊ ကျောင်းများ၊ ဈေးဆိုင်များ ပိတ်ထားရပြီး ခရီးသည်တင် လေယာဉ် ၂၁ စင်းအား လေယာဉ်ကွင်း လမ်းလွှဲဆင်းသက် စေခဲ့ရသည်။


ကွီဇုန်ပြည်နယ်အရှေ့ပိုင်းတွင် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက မိုးကြီး၍ မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။ ပြည်နယ်အတွင်း နှစ်လသားအရွယ် မိန်းကလေးတစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရခဲ့သည်။ နိုင်ငံအနောက်မြောက်ပိုင်းတွင် တစ်နာရီလေတိုက်နှုန်း ကီလိုမီတာ ၆ဝ ဖြင့် လေပြင်းများ တိုက်ခတ်နေပြီး နောက်ပိုင်းတွင်ကီလိုမီတာ ၁ဝဝ လေ တိုက်နှုန်းဖြစ်ပေါ်လာသည်။ လေဖိအားနည်းရပ်ဝန်းမှ တစ်ဆင့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်သည်ဟု ဖိလစ်ပိုင် မိုးလေဝသဌာနက သတိ ပေးကြေညာထားသည်။ မနီလာမြို့အနီး Taytay  မြို့ တွင် မြေပြိုမှုကြောင့် လူ ၁၄ ဦးမှ ၁၇ ဦးထိ သေဆုံးနိုင်ဖွယ်ရှိသည်ဟု သဘာဝဘေးအန္တရာယ် လေ့လာသူ အယ်လ်မာအက်စ်ပီရီတူက ပြောဆိုလိုက်သည်။


မနီလာ Pasay  အရပ်တွင် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ရသည်။ ခရီးသည် ၂၂ ဦးပါ ဘတ်စ်ကားတစ်စီး ရေစီးအတွင်း မျောပါသွား၍ အာဏာပိုင်များက ကယ်ဆယ်ခဲ့ရသည်။ အားကောင်းသော မုန်တိုင်း Talim သည် ဖိလစ်ပိုင်အရှေ့ဘက် ၈၆၅ ကီလိုမီတာအကွာတွင် ဖွဲ့စည်းဖြစ် ပေါ်နေကာ မြောက်ဘက်သို့ ရွေ့ လျားနေပြီး ထိုင်ဝမ်နှင့် တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသများ၌ တိုက်ခတ် နေသည်ဟုသိရသည်။ Talimသည် တရုတ်နိုင်ငံ အရှေ့တောင်ဘက်ဆီသို့ စက်တင်ဘာ ၁၃ ရက်တွင် ရောက်ရှိ တိုက်ခတ်နေကြောင်း မိုး လေဝသ အရာရှိများက ပြောကြားလိုက်ကြောင်း ဆင်ဟွာသတင်းဌာန က ဖော်ပြလိုက်သည်။


Ref: Xinhua

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191