HOT NEWS
Main menu
adv
မြောက်ကိုရီးယားကို ရင်ဆိုင်ရန် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ဟာဝိုင်ယီကျွန်း အနီး ပူးတွဲစစ်ရေး လေ့ကျင့်မည်

မြောက်ကိုရီးယားကို ရင်ဆိုင်ရန် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ဟာဝိုင်ယီကျွန်း အနီး ပူးတွဲစစ်ရေး လေ့ကျင့်မည်

ဆိုးလ်၊ မေ ၁၆


လာမည့်လတွင် ပထမဆုံး ဒုံးပျံကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့က အတူတကွလုပ်ဆောင်သွား ကြမည်ဖြစ်ကြောင်း၊ နျူကလီးယားလက်နက်ပိုင် မြောက် ကိုရီးယားကို ရင်ဆိုင်ရန်ဖြစ်ကြောင်း တောင်ကိုရီးယား အာဏာပိုင်များက မေ ၁၆ ရက်(တနင်္လာနေ့)တွင် ပြောကြားလိုက်သည်။ စစ်ရေးလေ့ကျင့်ခန်းကို ဇွန် ၂၈ရက်တွင် ဟာဝိုင်ယီကျွန်းအနီးတွင်ပြုလုပ် မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။ အမေရိကန်ဦးဆောင်သည့် Rim ပစိဖိတ်ရေတပ်လေ့ကျင့် မှုမပြုလုပ်မီ ကြိုတင်ပြုလုပ်ခြင်းဖြစ်သည်။


လေ့ကျင့်ခန်းတွင် မြောက်ကိုရီးယားမှပစ်ခတ်သည့် ဒုံးပျံကိုရည်ရွယ်ထောက်လှမ်းခြင်း၊ နောက်ယောင်ခံခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။ သို့ရာတွင် ဒုံးပျံကိုကြားဖြတ်ဟန့်တားမှုမပါဝင်ဟုဆိုသည်။ အမေရိကန်လေ ယာဉ်တစ်စီးက ဒုံးပျံအတုတစ်ခုအဖြစ် လွှတ်တင်မည်။ သုံးနိုင်ငံစလုံး၏ သင်္ဘောများက အေဂျစ်ဒုံးခွင်းဒုံးစနစ်ဖြင့် ခြေရာခံကြမည်ဟု ယွန်ဗြောင်သတင်းက ဖော်ပြခဲ့သည်။ ဤစစ်ရေးလေ့ကျင့်မှုမှာ ဖေဖော်ဝါရီလ ၌ မြောက်ကိုရီးယားက တာဝေးပစ်ဒုံးပျံကို စမ်းသပ်ခဲ့ပြီးနောက်ပြုလုပ်ရန် ညှိနှိုင်းခဲ့ကြသည်ဟု တောင်ကိုရီးယားကဆိုသည်။ စတုတ္ထအကြိမ် မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်ပြီးနောက် တာဝေးပစ်ဒုံးပျံကို စမ်း သပ်ခဲ့သည်။ နိုင်ငံတကာနှင့် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီက မြောက်ကိုရီးယားကို ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့သည်။ မြောက်ကိုရီးယားက ၎င်း၏အရှေ့ကမ်းခြေမှ တာလတ်နှင့် တာတို ပစ်ဒုံးပျံများကို ဆက်တိုက်ပစ်လွှတ်ခဲ့သည်။ မြောက်ကိုရီးယားက နျူကလီးယားထိပ်ဖူးကို အမေရိကန်ပြည် ထောင်စု ပြည်မကြီးအထိ ပစ်ခတ်နိုင်သည့် ဒုံးပျံကို လုပ်ဆောင်သွား မည်ဟု ကြေညာခဲ့သည်။     

Ref:AFP

#Democracy Today                    

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS