HOT NEWS
Main menu
စစ်ဖြစ်ရန် လက်တစ်လုံးသာ လိုခဲ့သည့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့ ပြေလည်မှုရရှိ

စစ်ဖြစ်ရန် လက်တစ်လုံးသာ လိုခဲ့သည့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့ ပြေလည်မှုရရှိ

ဗီယင်နာ၊ မေ ၁၇


အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံစစ်ဖြစ်ရန် လက်တစ်လုံးသာလိုတော့သည့် အခြေအ နေကို ရောက်ခဲ့ကြသော အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့သည် ယခင်က ချုပ်ဆိုထားခဲ့သည့် အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လေးစားလိုက်နာရန် သဘောတူခဲ့ကြသည်။ သမိုင်းတစ်လျှောက်လုံး ပိုင်ဆိုင်မှုအ ငြင်းပွားခဲ့သော နာဂိုနိုကာရာဘက် ဒေသတွင် လွန်ခဲ့သောလက နှစ် နိုင်ငံ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။


အမေရိကန်နှင့် ရုရှားတို့၏ ပူးတွဲစီစဉ်ပေးမှုနှင့် နှစ်နိုင်ငံခေါင်း ဆောင်များ သြစတြီးယားနိုင်ငံ မြို့ တော်ဗီယင်နာတွင် တွေ့ဆုံဆွေးနွေး ပြီး ယခုလိုပြေလည်မှုရရှိသွားခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီ၊ ရုရှားနိုင်ငံ ခြားရေးဝန်ကြီးနှင့် ပြင်သစ်နိုင်ငံ၏ ဥရောပရေးရာဝန်ကြီးတို့သည်လည်း ဗီယင်နာမြို့တွင် တွေ့ဆုံခဲ့ကြပြီး တွေ့ဆုံမှုအပြီးတွင် ပူးတွဲကြေညာချက်ထုတ်ပြန်သည်။ ထိုကြေညာချက်တွင် အဇာဘိုင် ဂျန်နှင့် အာမေး နီးယားတို့သည် ပဋိပက္ခကို စစ်ရေးနည်းဖြင့် မဖြေရှင်းရန် လက်ခံသဘောတူခဲ့ကြောင်း၊ အပစ်ရပ်စာချုပ်ကို လေးစားလိုက်နာပြီး ငြိမ်းချမ်းရေးကို ရှေးရှုမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း၊ နှစ်နိုင် ငံကြားဆွေး နွေးရေးစကားဝိုင်းမှာ ဆက်လက်ပြု လုပ်မည်ဖြစ်ကြောင်း ဖော်ပြပါရှိ သည်။


ဧပြီလအတွင်းဖြစ်ပွားခဲ့သော ပစ်ခတ်မှုများအတွင်း အနည်းဆုံး လူ ၁ဝဝ သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့သည်။ မည်သူက စတင်ပစ်ခတ်သည်ဟု အပြန်အလှန်စွပ်စွဲခဲ့သော်လည်း နိုင်ငံရေးလေ့လာသူ များ ကတော့ အဇာဘိုင်ဂျန်က ရန်စ ခြင်းဟု ယုံကြည်ကြသည်။ ကာရာဘက်ဒေသကို အာမေးနီးယား ခွဲထွက်ရေးသမားများက ၁၉၉ဝ ပြည့်လွန်နှစ်များတွင် စစ်ပွဲ ပြုပြီး သိမ်းပိုက်ခဲ့သည်။ ထိုစစ်ပွဲအတွင်း လူပေါင်း သုံးသောင်းခန့် သေဆုံးခဲ့သည်။ ထိုအချိန်ကစ၍နှစ်နိုင်ငံ ပဋိပက္ခဖြစ်ပွားနေရခြင်းဖြစ်ပြီး နှစ်စဉ် လူဒါဇင်ပေါင်းများစွာ သေဆုံး နေရသည်။ ၁၉၉၄ ခုနှစ်တွင် နှစ် နိုင်ငံအပစ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့ပြီးနောက်ပိုင်း ယခုနှစ် ဧပြီလ တိုက်ခိုက်မှုများသည် အဆိုးရွားဆုံး ဖြစ်ခဲ့သည်။      

Ref: AFP

#Democracy Today

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS