HOT NEWS
Main menu
adv
ကမ္ဘာ့ ဂျီ-၇ စက်မှု ထိပ်သီးခုနစ်နိုင်ငံ ဆွေးနွေးပွဲ ဂျပန်တွင် စတင်ကျင်းပ

ကမ္ဘာ့ ဂျီ-၇ စက်မှု ထိပ်သီးခုနစ်နိုင်ငံ ဆွေးနွေးပွဲ ဂျပန်တွင် စတင်ကျင်းပ

အီဆေးရှီးမား၊ မေ ၂၆


ကမ္ဘာ့စက်မှုထိပ်သီးခုနစ်နိုင်ငံ အဖွဲ့ဝင် ဂျပန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီနှင့်က နေဒါခေါင်းဆောင်များတက်ရောက် ဆွေးနွေးမည့် နှစ်ရက်ကြာ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲကို မေ ၂၆ ရက် တွင် ဂျပန်၊ တိုကျိုမှမိုင် ၂ဝဝ ကျော် ဝေးသော အီဆေးရှီးမားအပန်းဖြေ စခန်း၌ကျင်းပခဲ့သည်။ အမေရိကန်သမ္မတအိုဘားမားက ဂျပန်တွင် ဂျီ-၇ ထိပ်သီးဆွေး နွေးပွဲတက်ပြီးနောက် ဟီရိုရှီးမားမြို့ရှိ နျူကလီးယား အထိမ်းအမှတ် အ ဆောက်အအုံတွင် လွမ်းသူ့ပန်းခွေ သွားရောက်ချမည်ဟုသိရသည်။ ၎င်းသည် ဒုတိယကမ္ဘာ့စစ်အတွင်း အမေရိကန်တို့က နျူကလီးယားဗုံးကြဲချခဲ့သည့် ဟီရိုရှီးမားကို ပထမဆုံးသွားမည့် အမေရိကန်သမ္မတ ဖြစ် သည်။


ကမ္ဘာ့ထိပ်သီးစက်မှုခုနစ်နိုင်ငံမှ ခေါင်းဆောင်များသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆွေး နွေးခဲ့ပြီး ဂျပန်နိုင်ငံ၏သဘာဝပတ်ဝန်းကျင်မထိခိုက်စေသော အစိမ်း ရောင်နည်းပညာသုံးမော်တော်ကား ထုတ် လုပ်ရေးကို ချီးကျူးပြောဆိုခဲ့သည်။ ဂျာမနီနှင့်ဂျပန်နိုင်ငံအကြား ဘဏ္ဍာရေးမူဝါဒသဘောထားကွဲလွဲမှုရှိသော်လည်း ဂျီ-၇ နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပို၍ပြုလုပ်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။ တရုတ်၏စီးပွား ရေးနှေးကွေးနေသော်လည်း ဂျီ-၇ နိုင်ငံများသည် အချင်းချင်းသဘော ထားကွဲလွဲနေသဖြင့် ၂ဝဝ၈ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းနောက်ပိုင်း ကမ္ဘာ့စီးပွားရေးတိုးတက်ရန် ရုန်းကန်နေရသည်။ ဗြိတိန်သည် ဥရောပသမဂ္ဂမှ ခွဲထွက်လျှင် ကမ္ဘာ့စီးပွားရေးလည် ပတ်မှုအရှိန်တန့်သွားနိုင်သဖြင့် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများက ဗြိတိန်ကို ဥရော ပသမဂ္ဂမှ မခွဲထွက်စေလိုကြောင်း မဲပေးဆုံးဖြတ်ခဲ့သည်။


ပြင်သစ်၊ ပဲရစ်နှင့်ဘယ်လ်ဂျီယံ၊ ဘရပ်ဆဲလ်တို့တွင် အစ္စလာမ္မစ် အစွန်းရောက်အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်အဖွဲ့အစည်းများကိုနှိမ်နင်းရန် ခိုင်မာသောသဘောတူညီမှုရရှိရန် ပြင် သစ်က ဆွေးနွေးခဲ့ပြီး အီးယူနှင့် ဂျာမနီက ဒုက္ခသည်အရေး ဆွေးနွေးခဲ့သည်။ တောင်တရုတ်ပင်လယ်အရေး နှင့် တရုတ်စီးပွားရေးခြေကုပ်ယူမှုတို့ကိုလည်း ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်များတက် ရောက်သည့် ဂျီ-၇ ထိပ်သီးဆွေးနွေး ပွဲကာလအတွင်း ဂျပန်နိုင်ငံတွင် လုံ ခြုံရေးတင်းကျပ်စွာ ချထားကြောင်း သိရသည်။
Ref: AFP

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS