Wednesday, 27 September 2017 13:36

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် အမျိုးသမီးများ ကားမောင်ခွင့်ရတော့မည်

Written by
Rate this item
(0 votes)

ရီယာ့ဒ် စက်တင်ဘာ ၂၇

အစ္စလာမ္မစ်ဘုရင့်နိုင်ငံတော်ဖြစ်သည့် ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် လူ့အခွင့်အရေး လှုပ်ရှားသူများက အမျိုးသမီးများကို ဖိနှိပ်ထားသည်ဟုရှုမြင်ထားသော ရှေးရိုးစွဲအစဉ်အလာ တစ်ခုကို အဆုံးသတ်ခြင်း အနေဖြင့် အမျိုးသမီးများအနေဖြင့် ကားမောင်း ခွင့်ပြုလိုက်ကြောင်း အင်္ဂါနေ့တွင် ဆော်ဒီဘုရင် ဆော်လ်မန်က အမိန့်ထုတ်ပြန်ခဲ့သည်။

အစ္စလာမ်ဘာသာစတင်မွေးဖွားခဲ့ရာ ယင်းဘုရင့်နိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း အမျိုးသမီးရေးရာကိစ္စရပ်များနှင့် အစိုးရဌာနများတွင် ဝင်ရောက်လုပ်ကိုင်နိုင်အတွက် တိုးမြှင့်လာမှုများရှိခဲ့သော်လည်း ကားမောင်းခွင့်ကို ပိတ်ပင်ထားသော တစ်ခုတည်းသောနိုင်ငံ တစ်ခုဖြစ်သည်။ နိုင်ငံတော်သတင်းအေဂျင်စီ SPA ၏ အဆိုအရ ဘုရင်ကြီးသည် ရက်ပေါင်း ၃ဝ အတွင်း အကြံပေးရန် အစိုး`၇ ဝန်ကြီးဌာနတစ်ခုကို အကြောင်းကြားအမိန့်ထုတ်ပြန်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန် ၂၄ ရက်တွင် စတင်အသက်ဝင် မည့် ဖြစ်ကြောင်း သိရသည်။ အစ္စလာမ္မစ်ဥပဒေကို အကိုးအကားပြုပြီး လိုအပ်သော ရှာရီယာစံနှုန်းများကို လိုက်နာခြင်းနှင့် လျှောက်ထားခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။

 

အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့သော်လည်း ဆော်ဒီအာရေးဗီးယား၏ ထိပ်တန်းဘာသာရေးအဖွဲ့ဖြစ်သည့် အကြီးတန်းဘာသာရေးပုဂ္ဂိုလ်များကောင်စီမှ အများစုက ယင်းခွင့်ပြုချက်ကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဆော်ဒီအာရေးဗီးယားတွင် ယင်းတရားဝင်ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး တစ်နာရီအကြာတွင် အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကြီး မင်းသား ခါလစ် ဘင်ဆော်မန်က "၄င်းတို့နိုင်ငံတော်တွင် သမိုင်းတွင်ပြီး ကြီးမားသောနေ့တစ် ခုဖြစ်ကြောင်း" ပြောကြားခဲ့သည်။

၎င်းက "ကျွန်တော်တို့လူမှုအသိုက်အဝန်းက အဆင်သင့်ဖြစ်နေပြီဆိုတာ ကျွန်တော်တို့ ဦးဆောင်မှုအပိုင်းကနေ နားလည်ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

Ref:Reuters

Read 138 times Last modified on Wednesday, 27 September 2017 13:46
Login to post comments