Wednesday, 27 September 2017 13:46

လာမည့်ဘဏ္ဍာနှစ်တွင် ဒုက္ခသည် ၄ သောင်းခွဲအထိ လက်ခံရန် အမေရိကန်စီစဉ်နေ

Written by
Rate this item
(0 votes)

ဝါရှင်တန် စက်တင်ဘာ ၂၇

အောက်တိုဘာ ၁ ရက်တွင် စတင်မည့် ဘဏ္ဍာနှစ်တွင် အမေရိကန်ပြည်ထောင်စုက ဒုက္ခသည် ၄ သောင်းခွဲခန့် အထိ လက်ခံရန် ထရန့်အစိုးရက စီစဉ်ထားကြောင်းအမေရိကန်အရာရှိဟောင်းတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားလိုက်ပြီး ယင်းသည် ဆယ်စုနှစ် တစ်ခုကျော် အတွင်း အနိမ့်ဆုံးအနေအထားဖြင့် ခွင့်ပြုရန် စီစဉ်လာခြင်း လည်းဖြစ်သည်။ ဒုက္ခသည်အရေအတွက်ကို လျှော့ချလိုသောတာဝန်ရှိသူများနှင့် တိုးမြှင့်လိုသော တာဝန်ရှိသူများအကြား အငြင်းပွားဖွယ်စကားစစ်ထိုးပွဲတစ်ခုပြီးနောက် အိမ်ဖြူတော်က လက်ခံမည့် ဒုက္ခသည်အရေအတွက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လို သူ အရာရှိဟောင်း တစ်ဦးက ပြောကြားခဲ့သည်။

စကားစစ်ထိုးပွဲတစ်ဖက်တွင် ရှိသော ယင်းကိစ္စကို စောင်ကြည့်လိုသည့် အရာရှိများက ၂၀၁၆ ခုနှစ် သမ္မတမဲဆွယ်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးအပေါ် တင်းကျပ်မှုများ လုပ်ဆောင်မည်ဟု သမ္မတဒေါ်နယ်ထရန့်၏ ပြောကြားချက်အပေါ်ကိုလည်း လေ့လာအကဲ ခတ်လျှက်ရှိသည်။ အမေရိကန်နိုင်ငံအတွင်းသို့ ဒုက္ခသည်များကို လက်ခံမည့်အရေးနှင့် ပတ်သက်၍ ငြင်းခုန်နေသော နိုင်ငံခြားမူဝါဒရေးရာကျွမ်းကျင်သူများကလည်း အခြားနိုင်ငံများအနေဖြင့် ၄င်းတို့၏ နယ်စပ်ဂိတ်များကို ဖွင့်ပေးရန်လည်း လိုအပ်ကြောင်း ပြောကြားခဲ့ကြ သည်။

အဆိုပါ အစီအစဉ်သည် ကနဦးတွင် Wall Street ဂျာနယ်က ထုတ်ပြန်ထားသည့် လူဦးရေ ၄ သောင်းခွဲပမာဏနှင့်လည်း နီးစပ်သည်။ အရေအတွက်ပိုမိုလက်ခံလိုသော အရာရှိဟောင်းက ယင်းဆုံးဖြတ်ချက်သည် ဆီးရီးယားဒုက္ခသည်များကို အလုံး အရင်းဖြင် လက်ခံနေ သည့် ဂျော်ဒန်၊ တူရကီနှင့် လက်ဘနွန်နိုင်ငံကဲ့သို့ နိုင်ငံများကို အမေရိကန်က ဆွဲဆောင်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

Ref:Reuters

Read 136 times
Login to post comments