HOT NEWS
Main menu
adv
စီးပွားရေး မတည်မငြိမ် ဖြစ်နေသော မွန်ဂိုလီးယားနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပ

စီးပွားရေး မတည်မငြိမ် ဖြစ်နေသော မွန်ဂိုလီးယားနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပ

အူလန်ဘာတာ၊ ဇွန် ၂၉


နိုင်ငံ၏သဘာဝသယံဇာတများအပေါ် အကြီးဆုံးကုန်သွယ်ဖက်တရုတ်နိုင်ငံမှ ဝယ်လိုအားများကျဆင်းနေ၍ နိုင်ငံစီးပွားရေးအခြေအနေများမတည်မငြိမ်ဖြစ်နေသော်လည်း မွန်ဂိုလီးယားနိုင်ငံပြည်သူများသည် နိုင် ငံရွေးကောက်ပွဲ အတွက် ဇွန်လ ၂၉ ရက်နေ့ကတက် တက်ကြွကြွ ဆန္ဒမဲများ ပေးခဲ့ကြသည်ဟု ဇွန်လ ၂၉ ရက်နေ့သတင်းများအရ သိရှိရသည်။


နိုင်ငံတွင်းလက်ရှိအာဏာရဒီ မိုကရက်တစ်ပါတီနှင့်အတိုက်အခံပါတီဖြစ်သော မွန်ဂိုလီးယားပြည်သူ့ ပါတီတို့ ရွေးကောက်ပွဲပါဝင်ယှဉ် ပြိုင်ခဲ့ကြသည်။ နှစ်ဖက်စလုံးကပင် အဓိကအားဖြင့် နိုင်ငံ၌ ကျဆင်းနေ သော စီးပွားရေးအခြေအနေများမှ ကယ်တင်ဆောင်ရွက်ပေးမည်ဟု မဲဆွယ်စကားများပြောခဲ့ကြသည်။ တိုင်းပြည်တွင်းပညာရေး၊ ကျန်းမာ ရေး အခြေအနေများ တိုးတက် ကောင်းမွန်စေရန် ဆောင်ရွက်ပေး မည်ဟုလည်း မဲဆွယ်စည်းရုံးရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ''နိုင်ငံရေးသမားတွေဟာရွေး  ကောက်ပွဲကတိများအတိုင်း ဆောင်ရွက်ပေးသင့်တယ်''ဟု ဆောက်လုပ် ရေးအလုပ်သမားဂန်ဘာတာရင်း ဂျာဂေါလ်ကအကြံပေးပြော သည်။


မွန်ဂိုလီးယားနိုင်ငံ၏ အဓိကစီးပွားရေးမိတ်ဖက်နိုင်ငံတရုတ်ပင်လျှင် စီးပွားရေးတိုးတက်မှုနှုန်းနှေး ကွေးနေ၍ ကျောက်မီးသွေး၊ ကြေးနီတို့ကဲ့သို့ မွန်ဂိုလီးယားသယံဇာတ ထွက်ကုန်များအပေါ်ဝယ်ယူလာမှု နည်းပါး လာနေရသည်။ နိုင်ငံရေး အရလည်းမွန်ဂိုလီးယားနိုင်ငံသည် ၂ဝဝ၈ ခုနှစ်က လူထုပုန်ကန်မှုဖြစ် ပွားကာဆိုဗီယက်ရုရှား၏ နိုင်ငံရေး သြဇာအောက်မှ ရုန်းထွက်ခဲ့ရပြီး နိုင်ငံစီးပွားရေးချည့်နဲ့သည်ကို တရုတ် နိုင်ငံက မွန်ဂိုလီးယားနိုင်ငံ၏ ကြွယ်ဝသောတွင်းထွက်သဘာဝသယံဇာ တများကို အများဆုံးဝယ်ယူကာ ကူညီဆောင်ရွက်ဖြေရှင်းပေးနေရ သည်။   

Ref ; Online news

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS