HOT NEWS
Main menu
adv
အီးယူမှ ဗြိတိန် ခွဲထွက်ရေးကို လန်ဒန်၌ ဆန့်ကျင်ဆန္ဒပြ

အီးယူမှ ဗြိတိန် ခွဲထွက်ရေးကို လန်ဒန်၌ ဆန့်ကျင်ဆန္ဒပြ

လန်ဒန်၊ ဇူလိုင် ၃


ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ ဗြိတိန် နုတ်ထွက်ခဲ့ခြင်းအား မကျေနပ်သူ ထောင်ပေါင်းများစွာတို့က ဇူလိုင် ၂ ရက်က ဆန္ဒပြခဲ့ကြသည်ဟု လန်ဒန်မြို့မှလာသော ဇူလိုင် ၃ ရက် သတင်းများ အရ သိရှိရသည်။ ဆန္ဒပြသူများသည် ၄ဝဝဝဝ ခန့်ရှိသည်ဟု သတင်းများတွင် ဖော် ပြထားသော်လည်း အရေအတွက် ဖော်ပြမှုကို ရဲများက အတည်မပြုခဲ့ချေ။ အီးယူမှ ဗြိတိန်ခွဲထွက်သည်ကို သဘောမတူသူ ဆန္ဒပြ သူများသည် ဝန်ကြီးချုပ်ရုံးရှိရာ အမှတ် (၁ဝ) ဒေါင်းနင်းလမ်းသို့ ကြွေးကြော်သံများ အော်ဟစ်၍ ဖြတ်ကာ ပါလီမန်ရှေ့တွင် လူစုခွဲခဲ့ကြသည်ဟု မျက်မြင်သက်သေများက ပြောဆိုလိုက်သည်။  ''ဗြိတိန် အီးယူက ခွဲ ထွက်ရေးကို မကျေနပ်လို့ ဆန္ဒအမှန်ထုတ် ဖော်ကြတာပါ''ဟု ဆန္ဒပြပွဲ၌ ပါဝင်သူ အသက် ၃၇ နှစ်အရွယ် ကာဆီက အေအက်ဖ်ပီသတင်းဌာနသို့ ပြောဆိုလိုက်သည်။


ဗြိတိန်သည် အီးယူမှ ခွဲထွက်မည်ဟု ဇွန် ၂၃ ရက် လူထုဆန္ဒခံ ယူပွဲ၌ ၅၂ မဲ ၄၈ မဲဖြင့် ဆန္ဒပြုခဲ့ကြ၍ ခွဲမထွက်လိုသူများက ယခုကဲ့သို့ စုဝေးဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ယင်းသည် ကျဉ်းမြောင်းသောအမြင်ဖြင့် ဆန္ဒ မဲပေးခဲ့ကြခြင်းဖြစ်သည်ဟုဆိုကာ တွဲရေးသမား လေးသန်းကျော်က လက်မှတ်ရေးထိုးကာ နောက်တစ်ကြိမ် လူထုဆန္ဒခံယူပွဲကျင်းပ ပေးရန် ဝန်ကြီးချုပ်ထံ တောင်းဆို ပေးပို့ခဲ့ကြသည်။ ''နောက်တစ်ကြိမ် ဆန္ဒခံယူပွဲ လုပ်ရင် ဗြိတိန်ခွဲမထွက် ရေးကို မဲပေးကြမှာပါ''ဟု ဆန္ဒပြပွဲ၌ပါဝင်သူ အသက် ၈၂ နှစ်အရွယ် နီကိုလတ်လိုက်ကပြောဆိုလိုက်သည်။  ဥရောပသမဂ္ဂအဖွဲ့တွင် ယခင်က ဗြိတိန်အပါအဝင် ဥရောပနိုင်ငံ ၂၈ နိုင်ငံပါဝင်ခဲ့ သည်။ 

Ref: CNA

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS